2 w - Translate

macOS 26 (Tahoe) ရဲ့ Feature အသစ်တွေ -
သတင်းလည်းမထွက်ထားသလို Surprise ဖြစ်သွားတာက iPhone က Phone App ကို macOS 26 Tahoe မှာ ထည့်ပေးလိုက်တာပါ။
နောက်ဆုံးတော့ iPhone ကို သွားကိုင်စရာမလိုပဲ macOS ကနေပဲ ကိုယ်ကြိုက်သလို ဖုန်းခေါ်လို့ရသွားပြီ။​ iOS 26 အတိုင်းပဲ​ Call Screening တွေ၊ Hold Assist တွေ၊​ Live Translation လိုမျိုး Feature တွေကိုပါ ထည့်ပေးလိုက်သေးတယ်။
ပြီးတော့ iOS | iPhone က Live Activities ကိုပါ macOS 26 က Menu Bar မှာ မြင်ရသွားပြီ၊ နှိပ်လိုက်တာနဲ့ iPhone Mirroring ကို ဖွင့်ပြီး တန်းပြပေးမယ်။
အဲ့အပြင် macOS 26 Tahoe က Feature အသစ်တွေလည်း တော်တော်များတယ် - Shortcut Automation အသစ်တွေ၊ Spotlight Search က ကိုယ်ရှာချင်တဲ့ File Type တွေ ရွေးပြီး အဲ့ထဲကပဲ ရှာလို့ရသလို သုံးနေတဲ့ App က Function တွေကိုပါ စာရိုက်ပြီး ခိုင်းလို့ရပြီ။
အမိုက်ဆုံးက Quick Keys ဆိုတဲ့ Feature ပဲ - ဒါက ဥပမာ Add Reminder လုပ်ချင်ရင် "ar" ဆိုပြီး ရိုက်လိုက်ရုံပဲ။​ ဒီ Quick Keys တွေက Auto အလွယ်တကူမှတ်လို့ရတဲ့ Feature တွေကို Auto သုံးလို့ရမယ်။
macOS အနေနဲ့လည်း တကယ်ကို အများကြီး ပြောင်းတဲ့နှစ်ပဲ

imageimage