macOS 26 (Tahoe) ရဲ့ Feature အသစ်တွေ -
သတင်းလည်းမထွက်ထားသလို Surprise ဖြစ်သွားတာက iPhone က Phone App ကို macOS 26 Tahoe မှာ ထည့်ပေးလိုက်တာပါ။
နောက်ဆုံးတော့ iPhone ကို သွားကိုင်စရာမလိုပဲ macOS ကနေပဲ ကိုယ်ကြိုက်သလို ဖုန်းခေါ်လို့ရသွားပြီ။ iOS 26 အတိုင်းပဲ Call Screening တွေ၊ Hold Assist တွေ၊ Live Translation လိုမျိုး Feature တွေကိုပါ ထည့်ပေးလိုက်သေးတယ်။
ပြီးတော့ iOS | iPhone က Live Activities ကိုပါ macOS 26 က Menu Bar မှာ မြင်ရသွားပြီ၊ နှိပ်လိုက်တာနဲ့ iPhone Mirroring ကို ဖွင့်ပြီး တန်းပြပေးမယ်။
အဲ့အပြင် macOS 26 Tahoe က Feature အသစ်တွေလည်း တော်တော်များတယ် - Shortcut Automation အသစ်တွေ၊ Spotlight Search က ကိုယ်ရှာချင်တဲ့ File Type တွေ ရွေးပြီး အဲ့ထဲကပဲ ရှာလို့ရသလို သုံးနေတဲ့ App က Function တွေကိုပါ စာရိုက်ပြီး ခိုင်းလို့ရပြီ။
အမိုက်ဆုံးက Quick Keys ဆိုတဲ့ Feature ပဲ - ဒါက ဥပမာ Add Reminder လုပ်ချင်ရင် "ar" ဆိုပြီး ရိုက်လိုက်ရုံပဲ။ ဒီ Quick Keys တွေက Auto အလွယ်တကူမှတ်လို့ရတဲ့ Feature တွေကို Auto သုံးလို့ရမယ်။
macOS အနေနဲ့လည်း တကယ်ကို အများကြီး ပြောင်းတဲ့နှစ်ပဲ

