2 w - Translate

Call Screening ရဖို့ Pixel ကိုင်စရာမလိုတော့ဘူး 🫠
.
iOS 26 မှာ Google Pixel ဖုန်းတွေလိုမျိုး Call Screening နဲ့ Hold Assist ဆိုတဲ့ Feature တွေကို Phone App မှာ ထည့်ပေးလိုက်ပါပြီ။​
အဓိပ္ပါယ်က တစ်ဖက်လူက ဖုန်းခေါ်လို့ မကိုင်ချင်ရင်လည်း Call Screening က ကိုင်ပေးပြီး တစ်ဖက်လူက ဘာပြောသလဲဆိုတာကို စာအနေနဲ့ Transcript ထုတ်ပေးသွားမှာပါ။ ဒါက Pixel တွေလို Manual မဟုတ်ပဲ Auto အလုပ်လုပ်သွားမယ်ဆိုပဲ။
အဲ့ကြမှ ကိုယ်တိုင်ပြန်မလား၊ ဒါမှမဟုတ် Apple Intelligence ကို စာရိုက်ပြီး ပြန်ပြောခိုင်းမလားရွေးလို့ရမယ်။ ပြီးတော့ တစ်ဖက်က Operator မအားသေးလို့ ကြားထဲမှာ စောင့်ခိုင်းနေရင်လည်း တစ်ဖက်က လူရောက်လာတာနဲ့ အသိပေးနိုင်တဲ့ Hold Assist ကလည်း မိုက်သွားပြီ။
Apple က နောက်ကျပေမယ့် တကယ်ပိုအသုံးကျတော့မလားပဲ 👀

image