Multitasking လုပ်ချင်ရင် iPad သာ ရွေးတော့ပဲ 🫠
.
Android Tablet တွေမှာ (Samsung DeX လောက်က လွဲပြီး*) Side by Side ရတာလောက်ကို iPadOS 26 မှာ Apple က လုံးဝနောက်ကောက်ချပြီး ချန်ခဲ့လိုက်ပါပြီ။
iPadOS 26 မှာ Multitasking အတွက် လုံးဝ macOS ပုံစံ Windows Management အသစ်ကို ထည့်ပေးလိုက်ပြီ။ ဒါက App Window ရဲ့ ဘယ်ဘက်ထောင့်မှာ macOS အတိုင်း Close | Minimize | Maximize ဆိုတဲ့ ခလုတ်တွေဖြစ်သွားမယ်။ အဲ့အပြင် App တွေကို macOS အတိုင်း ကြိုက်သလို Side by Side ထားလို့ရမယ်။
ပိုပြီးမိုက်တာက macOS လိုမျိုး ထိပ်မှာ Menu Bar ပါထည့်ပေးလိုက်တယ်။ Files တွေကိုလည်း Dock မှာ ထည့်ထားလို့ရပြီ။ နောက်ဆုံး macOS ရဲ့ Preview App ကိုပါ iPadOS 26 မှာ ထည့်ပေးလိုက်တယ်။ External Display အနေနဲ့ တခြား Monitor ကို ချိတ်ရင်လည်း Full Screen အပြည့်ရပြီ။
တကယ်ကို iPad မဟုတ်တဲ့ တခြား Tablet ကို အလုပ်အတွက်၊ Productivity ကောင်းကောင်းသုံးချင်လို့ ဝယ်ဖို့ အကြောင်းပြချက် အရမ်းကို နည်းသွားပြီ။
iPad ကို macOS ပေးမသုံးပေမယ့် iPadOS 26 က macOS နီးပါး စဖြစ်လာတဲ့နှစ်ပဲ -
