3 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကန်ချနဘူရီခရိုင်တွင် အလှပြင်ဆိုင်ဖွင့်သည့် မြန်မာသုံးဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဇွန် ၈ ရက်မွန်းလွဲပိုင်းက ဆံပင်ညှပ်ဆိုင် အပါအဝင် အလှပြင်ဆိုင်များ ဖွင့်ထားသည်ဟုဆိုကာ မြန်မာနိုင်ငံသားသုံးဦးဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ကန်ချနဘူရီခရိုင်ထဲတွင် မြန်မာနိုင်ငံသားများ အလှပြင်ဆိုင် ဖွင့်ထားသည်ကို ဆိုရှယ်မီဒီယာများပေါ်ကြော်ငြာနေသည်ဟု တိုင်ကြားမှုရရှိလာသဖြင့် ကန်ချနဘူရီရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အလှပြင်ဆိုင်တစ်ဆိုင်ထဲ ရဲတပ်ဖွဲ့များ ဝင်စစ်သောအခါမြန်မာနိုင်ငံသားအချင်းချင်း ဆံပင်ပြုပြင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးမှုအတွင်း ဆိုင်တွင်လုပ်ကိုင်နေသော အသက် (၂၀)အရွယ် ကိုထက်မောင်မောင်လင်းနှင့် အသက် (၂၉) နှစ်အရွယ် မသန်းသန်းမိုးတို့နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းဆိုင်အနီး နောက်တစ်ဆိုင်တွင် အသက် (၃ဝ)အရွယ် ကိုသက်ပိုင်စိုးကိုလည်း ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါမြန်မာနိုင်ငံသားသုံးဦးသည် ခွင့်ပြုချက်မရှိဘဲ ဆံပင်ညှပ်၊ အလှပြုပြင်ရေးလုပ်ကိုင်နေသောကြောင့် နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
ဓာတ်ပုံ - Kanchaburi News

image