ဂျာမနီအသင်းရဲ့ တိုက်စစ်ကတော့ စိတ်ပူစရာပဲ။ တိုက်စစ်ကအခွင့်အရေးတွေ ရနေပါလျက်နဲ့ တစ်ဂိုးမှ မသွင်းနိုင်တဲ့ ပြဿနာကြီးက ဖြေရျင်းရ တအားခက်တယ်။ ပြင်သစ်နဲ့ နေရှင်းလိဂ်တတိယလုပွဲမှာဆို ဂျာမနီက အနိုင်ရသင့်ပါရဲ့နဲ့ အခွင့်အရေးတွေအသုံးမချနိုင်ပြီး ရှုံးခဲ့ရတာ။
မနေ့ညကပွဲမှာဆိုရင် ဖလော်တီရန်ဗာ့စ်တစ်ယောက်ပဲ တိုက်စစ်က လောက်လားအောင်ကောင်းတယ်။ ကျန်တဲ့ ဖူးခရက်၊ အဒီယာမီတို့ကဆိုရင် စုတ်ချာနေတာပဲ။ လူစားဝင်ကစားသမားတွေကလည်း ပွဲရဲ့ အဖြေကိုပြောင်းလဲနိုင်မယ့်သူတွေမဟုတ်ဘူး။
တစ်ဖက်မှာ ပြင်သစ်ဂိုးသမားကလည်း ကောင်းလွန်းသလို ဂျာမာန်တိုက်စစ်ကလည်း စုတ်ချာနိုင်စွမ်း အားကြီးလွန်းတယ်။ ဒီလူအတိုင်းတော့ ကမ္ဘာ့ဖလားကိုသွားကစားလို့မရဘူး။ နည်းပြအနေနဲ့လည်း ကွင်းလယ်နဲ့တိုက်စစ်အတွက် အဖြေရှာထားမှပဲကိုက်မယ်။ မဟုတ်ရင်ရင်လေးစရာပဲ။
