အခင်းဖြစ်ပွားရာနေရာမှာ အသက် ၁၅ နှစ်အရွယ် သံသယရှိသူတစ်ဦးကို ကိုလံဘီယာရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

အသက် ၃၉ နှစ်အရွယ် Turbay က လက်ရှိမှာ ကုသမှုခံယူနေရပြီး ၎င်း၏ဇနီးသည်ဖြစ်သူကတော့ ခင်ပွန်းဟာ အသက်လုနေရတယ်လို့ ဖွင့်ဟခဲ့ပြီး ဝိုင်းဝန်းဆုတောင်းပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

Turbay ရဲ့ Centro Democratico ပါတီက အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့ကာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ထိခိုက်စေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။မဲဆွယ်ပွဲတွင် မိန့်ခွန်းပြောနေတဲ့ ကိုလံဘီယာ သမ္မတလောင်း လုပ်ကြံခံရ
*******************
(နိုင်ငံတကာ) ဇွန်လ ၉
ပြီးခဲ့တဲ့ စနေနေ့က ဘိုဂိုတာမြို့ရဲ့ ပန်းခြံတစ်ခုမှာ မိန့်ခွန်းပြောနေတဲ့ ကိုလံဘီယာ သမ္မတလောင်းတစ်ဦး လုပ်ကြံခံခဲ့ရတယ်လို့ သိရပါတယ်။

ကိုလံဘီယာ သမ္မတလောင်းတစ်ဦးဖြစ်တဲ့ Miguel Uribe Turbay ဟာ စနေနေ့က ဘိုဂိုတာမြို့ရဲ့ ပန်းခြံတစ်ခုမှာ မိန့်ခွန်းပြောနေချိန် ဦးခေါင်းကို ၂ ချက်ပစ်ခတ်မှုအပါအဝင် သေနတ်နဲ့ ၃ ချက်အပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

image