3 w - Translate

အီတလီနိုင်ငံက Tommaso လို့အမည်ရတဲ့ ကြောင်နက်လေးတစ်ကောင် ဟာ သူ့ရဲ့ ပိုင်ရှင် Maria Assunta ဆိုတဲ့ အမျိုးသမီး ကွယ်လွန်ချိန်မှာ အမွေအဖြစ် ဒေါ်လာ ၁၃ သန်း ကို သူ့ တစ်ဦးတည်းအတွက် ချန်ထားခဲ့တာကြောင့် ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အိမ်မွေးတိရစ္ဆာန်တွေထဲက တစ်ကောင်ဖြစ်လာခဲ့ပါတယ်
Maria Assunta ဟာ အိမ်ခြံမြေလုပ်ငန်းနဲ့ ချမ်းသာလာသူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ် သူမမှာ မိသားစုဝင်တွေ မရှိတဲ့အတွက် သူမရဲ့ ပိုင်ဆိုင်မှုအားလုံးကို လမ်းဘေးကနေ ကယ်တင်မွေးမြူထားတဲ့ ကြောင်လေး Tommaso အတွက် ချန်ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တာပါ ဒီလို ဆုံးဖြတ်ချက်ကြောင့် Tommaso ဟာ သာမန်ကြောင်ဘဝကနေ ဇိမ်ခံကားတွေ၊ တိုက်ခန်းတွေ၊ မြေတွေ အပါအဝင် ပိုင်ဆိုင်မှု ဒေါ်လာ ၁၃ သန်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး ကြောင်တွေထဲက တစ်ကောင်ဖြစ်လာခဲ့ပါတယ်
Maria Assunta ကွယ်လွန်ပြီးနောက် Tommaso ကို သူမရဲ့ သူနာပြုဆရာမ Stefania က ဆက်လက်စောင့်ရှောက်ခဲ့ပါတယ် Stefania က Tommaso ကို အလွန်ချစ်ခင်ပြီး သူ့ရဲ့ကျန်ရှိတဲ့ဘဝကို ဇိမ်ကျကျ နေထိုင်နိုင်ဖို့ သေချာဂရုစိုက်ပေးခဲ့ပါတယ်
ဒီလို ဖြစ်ရပ်မျိုးဟာ ကြောင်တစ်ကောင်အတွက်သာမက လူတွေအတွက်ပါ အံ့အားသင့်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ
#knowledge #ဗဟုသုတ

image