အောက်တိုဘာလမှာ စတင်ရိုက်ကူးမယ့် Alien: Romulus ရဲ့ နောက်ဆက်တွဲရုပ်ရှင်
ဇွန် ၈၊ ၂၀၂၅။
Evil Dead remake ဒါရိုက်တာ Fede Álvarez ရိုက်ကူးပြီး Priscilia သရုပ်ဆောင် Cailee Spaeny အဓိကပါဝင်သရုပ်ဆောင်ခဲ့တဲ့ Disney လက်အောက်ခံ 20th Century ရဲ့ sci-fi horror ရုပ်ရှင် Alien: Romulus ဟာ ဝင်ငွေအရသာမက အနုပညာအရမှာပါ အောင်မြင်မှုရရှိခဲ့တာကြောင့် 20th Century ဘက်က Alien: Romulus ရဲ့ နောက်ဆက်တွဲရုပ်ရှင်တစ်ကားကို ဆက်လက်ထုတ်လုပ်တော့မှာဖြစ်ပါတယ်။
အဆိုပါ Alien: Romulus ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကိုလည်း ဒါရိုက်တာ Fede Álvarez ကပဲ ဆက်လက်တာဝန်ယူကာရေးသားရိုက်ကူးသွားမှာဖြစ်ပြီး ရိုက်ကူးရေးကို ယခုနှစ်ထဲမှာ စတင်ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ Marea Nocturna ဆိုတဲ့ podcast အစီအစဥ်မှာ ဒါရိုက်တာ Fede Álvarez က Alien: Romulus ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဟာ ကြိုတင်ပြင်ဆင်မှုအဆင့်မှာမဟုတ်တော့ပဲ ရိုက်ကူးရေးအဆင့်စတင်တော့မှာဖြစ်ပြီး ယခုလာမယ့် ၂၀၂၅ အောက်တိုဘာလမှာ စတင်ရိုက်ကူးမှာဖြစ်ကြောင်း မှတ်ချက်ပြုလာခဲ့တာပါ။
Alien: Romulus ရဲ့ နောက်ဆက်တွဲရုပ်ရှင်မှာ ယခင် Alien: Romulus က သရုပ်ဆောင်တွေဖြစ်တဲ့ Cailee Spaeny နဲ့ David Jonsson တို့ ပြန်လည်ပါဝင်လာမှာဖြစ်ပေမယ့်လည်း ဇာတ်လမ်းအကြောင်းအရာကိုတော့ မသိရသေးပါဘူး။ သို့ပေမယ့် ကောလာဟလတွေအရ Alien: Romulus မှာ 20th Century ပိုင် ဇာတ်ကောင်တွေဖြစ်တဲ့ Predator (Yautja) ဇာတ်ကောင်တချို့ကိုလည်း ပြသမှာဖြစ်ပြီး Alien vs Predator crossover ရုပ်ရှင်ဖြစ်လာနိုင်တယ်လို့လည်း သိရပါသေးတယ်။
ဒါရိုက်တာ Fede Àlvarez ရဲ့ Alien: Romulus ဟာ Alien ရုပ်ရှင် franchise ရဲ့ သတ္တမမြောက်ရုပ်ရှင်ဖြစ်ပြီး Priscilia နဲ့ Civil War သရုပ်ဆောင် Cailee Spaney က အဓိကပါဝင်သရုပ်ဆောင်ထားကာ ၎င်းနဲ့အတူ David Jonsson, Archie Renaux, Isabela Merced, Spike Fearn နဲ့ Aileen Wu တို့လည်း ပါဝင်ထားပါတယ်။
Ref: Internet
