📖 ဒါဖတ်ပြီးမှ The Kashmir Files ကို ကြည့်ပါ
🚨 Bollywood Industry မှာ ဂယက်ထသွားခဲ့တဲ့ The Kashmir Files ရုပ်ရှင်
◼ ဒါရိုက်တာ Vivek Agnihotri ရဲ့ The Kashmir Files ရုပ်ရှင်ဟာ ၂၀၂၂ မှာ ထွက်ခဲ့သမျှ Bollywood ရုပ်ရှင်တွေထဲမှာ ဒါ Bollywood မှ ဟုတ်ရဲ့လားလို့တောင် ကြောက်စရာအကောင်းဆုံးလို့ပြောလို့ရပါတယ်။ ဘတ်ဂျက်ရူပီး ပျမ်းမျှ ၁၅ကုဋေကနေ ၂၅ကုဋေအထိ အသုံးပြုထားပြီး ရုံတင်ဝင်ငွေကတော့ ရူပီးကုဋေ ၃၄၀ ကျော် ရရှိထားပါတယ်။
◼ ၁၉၉၀ မှာ ကတ်ရှ်မီးယားဒေသက ဟိန္ဒူမျိုးနွယ်စုတစ်စုဖြစ်တဲ့ ကတ်ရှ်မီးယားပန်ဒစ်တွေကို လက်နက်ကိုင်စစ်သွေးကြွတွေက ဝင်ရောက်သတ်ဖြတ်ခဲ့တဲ့အတွက် ထွက်ပြေးကြရတဲ့အကြောင်းကိုအဓိကဇာတ်လမ်းတည်ဆောက်ထားတာပါ။ ဒါရိုက်တာ Vivek Agnihotri က ဒီရုပ်ရှင်အတွက် ကတ်ရှ်မီးယားပန်ဒစ်မိသားစုတွေကို အင်တာဗျူးပြုလုပ်ပြီး အချိန်လေးနှစ်ကျော်ကြာဇာတ်လမ်းတည်ဆောက်ခဲ့တာပါ။ အပြင်မှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ကိုက်ညီလွန်းလို့ The Kashmir Files ကို ရုံတင်ပြသတဲ့အခါမှာ လာရောက်ကြည့်ရှုကြတဲ့ ကတ်ရှ်မီးယားပန်ဒစ်တွေက ဒါရိုက်တာ Vivek Agnihotri ကို အရိုအသေပေးပြီး ငိုကြွေးကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာယန်းဒရာမိုဒီကိုယ်တိုင်ကလည်း BJP ပါတီရဲ့တွေ့ဆုံပွဲတစ်ခုမှာ The Kashmir Files ဟာ အမှန်တရားကိုချပြထားတယ် လို့ ပြောခဲ့ပါတယ်။ ၁၉၉၀ ကာလမှာ ဟိန္ဒူပန်ဒစ်တွေသာမက အလယ်အလတ်တန်းလွှာ မွတ်ဆ်လင်မ်တွေ၊ ဆစ်ခ် နဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း အသတ်ခံခဲ့ရပါတယ်။ သို့ပေမယ့် The Kashmir Files ရုပ်ရှင်ဟာ အငြင်းပွားဖွယ်ရာတွေပါဝင်နေပြီး သတ်ဖြတ်ခံရတာဟာ ဟိန္ဒူတွေတင်မကဘူး ဆိုပြီး နိုင်ငံရေးပညာရှင်တချို့ကသုံးသပ်ထားကြပါတယ်။
◼ ကျွန်တော့်ရဲ့ Bollywood ရုပ်ရှင်ကြည့်သက်တမ်းက နည်းပေမယ့် Hotel Mumbai နဲ့ The Attack of 26/11 တို့ထက်တောင် ဒီကားက တော်တော် dark ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။
📌 ကတ်ရှ်မီးယားဆိုတာဘာလဲ
◼ ကတ်ရှ်မီးယားဆိုတာဟာ ဟိမဝန္တာဒေသက စတုရန်းမိုင် ၈၆၀၀၀ လောက် ကျယ်ပြန်တဲ့ လူမျိုးစုအများအပြားနေထိုင်ကြတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ နှင်းကျတဲ့ရာသီဥတုရှိသလို မြက်ခင်းစိမ်းတွေ၊ ရေကန်တွေကြောင့် လှပတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတွေနဲ့ထိစပ်နေသလို မဟာဗျူဟာကျနေရာတစ်ခုဖြစ်တဲ့အတွက် သုံးနိုင်ငံစလုံးက ကတ်ရှ်မီးယားကိုအပြည့်အဝအုပ်ချုပ်ခွင့်ရယူချင်နေကြတာပါ။ အိန္ဒိယဟာ ကတ်ရှ်မီးယားရဲ့ Jammu and Kashmir နဲ့ Ladakh ကို ထိန်းချုပ်ထားပါတယ်။ ပါကစ္စတန်ကတော့ ကတ်ရှ်မီးယားရဲ့ Azad Kashmir နဲ့ Gilgit-Baltistan ကို ထိန်းချုပ်ထားသလို တရုတ်နိုင်ငံကလည်း ကတ်ရှ်မီးယားရဲ့ Aksai Chin နဲ့ Trans-Karakoram Tract တို့ကို ထိန်းချုပ်ထားပါတယ်။
◼ ၁၉၄၇ မှာ အိန္ဒိယနဲ့ပါကစ္စတန် လွတ်လပ်ရေးမရခင်ကတည်းက ကတ်ရှ်မီးယားဟာအငြင်းပွားဖွယ်ရာဒေသတစ်ခုအဖြစ်ရှိနေတာပါ။ Indian Independence Act အရ အိန္ဒိယနဲ့ပါကစ္စတန်ခွဲလိုက်ပြီးနောက်မှာ ကတ်ရှ်မီးယားကိုဘယ်နိုင်ငံရဲ့လက်ထဲမှာမှမထည့်ပဲ လွတ်လပ်စွာရွေးချယ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
◼ ကတ်ရှ်မီးယားပြည်နယ်ရဲ့စော်ဘွား Hari Singh ဟာ မူလက ကတ်ရှ်မီးယားကိုလွတ်လပ်တဲ့ပြည်နယ်တစ်ခုအဖြစ်ရပ်တည်ချင်ခဲ့ပေမယ့် ပါကစ္စတန်မျိုးနွယ်စုတချို့ရဲ့တိုက်ခိုက်မှုတစ်ခုကြောင့်အကူအညီရယူဖို့ ၁၉၄၇ အောက်တိုဘာမှာ အိန္ဒိယလက်အောက်ကိုဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
◼ ကတ်ရှ်မီးယားအရေးကြောင့် အိန္ဒိယနဲ့ပါကစ္စတန်ဟာစစ်ပွဲတွေအဖြစ်များခဲ့ပြီး ၁၉၄၇၊ ၁၉၆၅ နဲ့ ၁၉၇၁ တို့မှာ အကြီးအကျယ်စစ်ဖြစ်ခဲ့ကြပါတယ်။ ၁၉၄၇ မှာ အိန္ဒိယဘက်က ကုလသမဂ္ဂကိုကြားဝင်ဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂဘက်ကတော့ ကတ်ရှ်မီးယားမှာလူထုဆန္ဒခံယူပွဲကျင်းပပြီး ကတ်ရှ်မီးယားဟာဘယ်နိုင်ငံလက်အောက်မှာရှိသလဲဆိုတာဆုံးဖြတ်ဖို့အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် လူထုဆန္ဒခံယူပွဲမကျင်းပခင်အထိ ကတ်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန်တပ်တွေဟာနေရာယူထားကြပါတယ်။
◼ ၁၉၄၉ ဇူလိုင်လမှာ ကုလသမဂ္ဂရဲ့အကြံပြုချက်အတိုင်း အိန္ဒိယနဲ့ပါကစ္စတန်ဟာ အပစ်အခတ်ရပ်စဲရေးနယ်စပ်မျဥ်းသတ်မှတ်ဖို့သဘောတူညီခဲ့ကြပြီး ကတ်ရှ်မီးယားကိုနယ်ပယ်ခွဲလိုက်ပါတယ်။ ၁၉၆၅ နဲ့ ၁၉၇၁ တို့မှာ အိန္ဒိယနဲ့ပါကစ္စတန်တို့စစ်ဖြစ်ကြသလို ၁၉၉၉ မှာလည်း ပါကစ္စတန်ကျောထောက်နောက်ခံ လက်နက်ကိုင်တပ်တွေနဲ့လည်း အိန္ဒိယဟာတိုက်ပွဲတွေဖြစ်ခဲ့ကြပါတယ်။
◼ ဒီကနေ့ခေတ်မှာတော့ ဒေလီရော အစ္စလာမ်မာဘတ်ဟာ ကတ်ရှ်မီးယားကိုထိန်းချုပ်ထားပြီး အိန္ဒိယပိုင်ကတ်ရှ်မီးယားနဲ့ ပါကစ္စတန်ပိုင်ကတ်ရှ်မီးယားဆိုပြီး ရှိပါတယ်။
◼ ကတ်ရှ်မီးယားဒေသက အိန္ဒိယပိုင်ကတ်ရှ်မီးယားနယ်မြေမှာ နှစ်သုံးဆယ်ကျော်ကြာ လက်နက်ကိုင်တိုက်ပွဲတွေရှိခဲ့သလို ဆက်တိုက်မတည်မငြိမ်ဖြစ်နေပေမယ့် ခရီးသွားလာမှုတွေကတော့ရှိနေပါတယ်။ အိန္ဒိယဘက်ကတော့ ဒီတိုက်ခိုက်မှုတွေဟာ ပါကစ္စတန်ကြောင့်ဖြစ်ရတာဆိုပြီး စွပ်စွဲခဲ့ပါတယ်။ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၀ အရ အိန္ဒိယပိုင်ကတ်ရှ်မီးယားနယ်မြေဟာ နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ဆက်သွယ်ရေးကိစ္စမှအပ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အလံအသုံးပြုခွင့်ရှိသလို Jammu and Kashmir အနေနဲ့ ပြည်သူများအတည်တကျနေထိုင်ခွင့်၊ အိမ်ခြံမြေပိုင်ဆိုင်ခွင့်နဲ့ ဆက်စပ်အခွင့်အရေးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ ဒါ့အပြင် ပုဒ်မ၃၇၀အရ ကတ်ရှ်မီးယားပြည်နယ်ပြင်ပက အိန္ဒိယနိုင်ငံသားများအနေနဲ့ ကတ်ရှ်မီးယားမှာအခြေချနေထိုင်ခွင့်မရှိသလို အိမ်ခြံမြေ ဝယ်ယူခွင့်မရှိပါဘူး။
📌 ၁၉၉၀ ကတ်ရှ်မီးယန်းဟိန္ဒူများလူမျိုးတုံးသတ်ဖြတ်ခံရမှု | 1990 The Exodus of Kashmiri Hindus
(ဟိန္ဒူပန်ဒစ်များသည် Exodus အသုံးအနှုန်းအား လက်မခံကြသော်လည်း သတင်းဌာနများနှင့်အစိုးရတရားဝင်ထုတ်ပြန်ချက်များတွင် Exodus ဟု သုံးနှုန်းကြသည်။)
◼ ဒါရိုက်တာ Vivek Agnihotri ရဲ့ The Kashmir Files ရုပ်ရှင်မှာတော့ ဟိန္ဒူပန်ဒစ်လေးထောင်ကျော် အသတ်ခံခဲ့ရတယ်လို့ဖော်ပြထားပေမယ့် အိန္ဒိယအစိုးရဘက်ကတော့ ၁၉၈၈ ကနေ ၁၉၉၁ အတွင်းမှာ ဟိန္ဒူပန်ဒစ်၂၁၇ယောက်သာအသတ်ခံခဲ့ရတယ်လို့သတင်းထုတ်ခဲ့ပါတယ်။မ

image