3 w - Translate

Joshua Van က ထိုးကြေးရရင်ပြီးရော လာထိုးတာ မဟုတ်ဘူး။ ရှုံးလိုက် ပရိသတ်ကို ပြန်တောင်းပန်လိုက်လုပ်ပြီး သံသရာလည်နေတဲ့ ကစားသမားမဟုတ်ဘူး။ ရေပေါ်ဆီလုပ်ပြီး တိုးတက်မလာရင် တောင်းပန်လို့ကို ဆုံးမှာမဟုတ်တော့ဘူး။ Bruno Gustavo da Silva လည်း အလဲထိုးရှုံးသွားပေမယ့် ပွဲချဉ်းကပ်ပုံမှန်ပါတယ်။
Joshua Van က ချန်ပီယံဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ စိတ်အားထက်သန်မှုရှိသလို ပေါ်ပင်မမက်ဘူး။ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတယ်။ ဘောက်ဆင်စကေးက တော်တော်မြင့်လာသလို ပါဝါတက်လာတယ်။ ကောင်တာညာဝိုက်ကောင်းသလို Hand Speed ကလည်း မြန်ချက်ပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

image