❝ ရိုမီယို နှင့် ဂျူးလိယက် ❞
× × × × × ×
မေ့မျက်လုံးထံ
အိပ်စက်ခြင်း ဆိုက်ရောက်လို့
ရွှေရင်ထဲ ချမ်းမြခြင်း ကျရောက်ပါစေ
မောင်လည်းပဲ မေ့အပါး ချိုမြစွာ ခိုနားရဖို့
အိပ်စက်ခြင်းနဲ့ ချမ်းမြခြင်းတို့ ဖြစ်ရပါစေ . . .
• ရိုမီယို
ကျွန်မရဲ့ ရက်ရောမှုဟာ
ပင်လယ်တမျှ ကျယ်ပြောသလို
ကျွန်မအချစ်ဟာလည်း
ပင်လယ်တမျှ နက်ရှိုင်းပါတယ်
မောင့်ကို ကျွန်မ များများ ပေးလေ
ကျွန်မ များများ ရလေပါပဲ
နှစ်ခုစလုံးက အနန္တမို့ကိုး . . .
•ဂျူးလိယက်
ဂန္ထဝင်အချစ်ဇာတ်လမ်း
ရိုမီယိုနှင့်ဂျူးလိယက်ကို
လင်္ကာ စကားပြေ နှစ်ထွေရော၍
အာဝဇ္ဇန်းရွှင်ရွှင် စကားလုံးကြွယ်ကြွယ်ဖြင့်
လှပခမ်းနားစွာ ရေးဖွဲ့ထားသော
ရှိတ်စပီးယား၏ ကမ္ဘာကျော်ပြဇာတ်အား
အနုပညာမြောက် ဘာသာပြန်ဆိုထားသော
လက်ရာမွန်စာအုပ်
▪️တော်ကောင်းမင်း
