အပင်စိုက်တယ် ဆိုတာ လွယ်လွယ်လေးပါလို့ များသောအားဖြင့် ပြောတတ်ကြပေမယ့် တကယ်စိုက်ကြည့်တဲ့ အခါမှ
-ဘာလို့ အပင်လေးက ကြီးမလာတာလဲ ?
-ဘာလို့ အသီးလေးကသေးနေတာလဲ ?
-အရွက်တွေက အစက်အပြောက်တွေ ဘာလို့ ထနေရတာလဲ ?
-အရွက်တွေက ဘာလို့ အားမရှိတာလဲ ?
စတဲ့ မေးခွန်းပေါင်းစုံ ပေါ်လာတက်ပါတယ်။ ဘယ်အပင်အမျိုးအစား စိုက်စိုက် အကြမ်းအားဖြင့် အပင်အကုန်လုံး က သူတို့ ခံစားနေရတာကို အရွက်ပေါ်မှာ ပြတက်ပါတယ်။
ကိုယ်ချစ်တဲ့ အပင်တွေ အတွက် ဘယ်အချက်တွေ လိုအပ်နေလို့ ကိုယ့်အပင်လေးတွေ ဒီလိုဖြစ်ရတာလဲ ဆိုတာ အဖြေရှာရပါတယ်။
အပင်တွေအတွက် ဒီအခြေခံ အချက်တွေထဲက တစ်ခုခုအဆင်မပြေရင် အပင်တွေက သူတို့မကြိုက်တဲ့လက္ခဏာ ပြတက်ပါတယ်။
တကယ်ဆို အပင်တွေဆိုတာလဲ သက်ရှိလိုပဲ မို့လို့ သူတို့အကြိုက်လိုက်ပေးရင် အပင်ပိုလှတယ် ပိုသန်တယ်၊ အသီးပိုကြီးပိုများပါတယ်၊ တော်ရုံရောဂါခံနိင်ပါတယ်။
အပင်စိုက်နည်း အခြေခံ ကို အပြည့်အစုံ ရေးထားတာမို့လို့ အပင်အကြောင်းစိတ်ဝင်စားသူများ အပင်ချစ်သူများ ယခု ( သီးပင်စားပင်များ စိုက်ပျိုးနည်းများ ) Post ကို Share လုပ်ထားခြင်းဖြင့် အားလပ်ချိန်မှ အေးဆေး ဖတ်ရှုလို့ရပါတယ်။
အပင်တွေ ရှင်သန်ဖို့နဲ့ အသီးသီးဖို့ အတွက် အခြေခံလိုအပ်ချက်တွေကတော့
၁။ အလင်း
၂။ လေ
၃။ ရေ
၄။ အာဟာရ နဲ့
၅။ နေရာ ပါပဲ။
၁။ အလင်း
အပင်တွေဟာ အစာချက်ဖို့အတွက် အလင်းကို လိုအပ်တယ်ဆိုတာ အကုန်သိပါတယ်။ ဒါပေမယ့် အပင်အတွက် အလင်း ဘယ်လောက်လိုတာလဲ ဆိုတာကို သေချာသိဖို့ အရေးကြီးပါတယ်။
အပင်ငယ်ဆို အလင်းအားနည်းနည်းလောက်ရ ရင် အဆင်ပြေပြေ ရှင်သန်နိင်ပါတယ် ။ဒါပေမယ့် အပင်ကြီးမျိုးက အလင်းအားနည်းနည်းပဲ ရရင် အပင်ကြီးထွားမူ နှေးကွေးတာဖြစ်တက်ပါတယ်။ အပင်ပေါက်အရွယ်ဆိုရင် အလင်း အနည်းငယ်လောက်ရ ရင်အဆင်ပြေပါတယ်။ အလင်းအရမ်းများရင် အပူဒဏ်ကြောင့် အပင်လောင်နိင်ပါတယ်။
အလွယ်တကူ မှတ်ထားချင်ရင် အပင်ကြီး အရွယ်ရောက်ရင် အလင်းများများ လိုမယ် အပင်ငယ်ရင် အလင်းနည်းနည်းလောက်လဲ အဆင်ပြေတယ်။ အလင်းရောင်က အပင်တွေအတွက်အရေးကြီးတဲ့ အာဟာရ ဖြစ်လို့ အသီးများများလိုချင်ရင် အလင်းကောင်းကောင်းရဖို့ လိုအပ်ပါတယ် တစ်ပင်ထဲ နေပူထဲမှာ ပေါက်နေတဲ့ သရက်ပင်ကြီးတွေဟာ အသီးပိုသီးတက်ပါတယ်။
( ဒီအခြေခံ အပင်စိုက်နည်း ကို စာရေးသူရဲ့ ပညာနဲ့ ကြိုးစားအားထုတ်မူကို လေးစားသောအားဖြင့် အခြားနေရာများတွင် ပြန်လည် ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ မေတ္တာရပ်ခံပါတယ်။)
နောက်ထပ် သီးပင်စားပင် စိုက်ပျိုးနည်းတွေကို တစ်နေရာထဲမှာ ထပ်လေ့လာနိင်အောင် ` သီးပင်စားပင် စိုက်ပျိုးနည်းများ ´ Page ကို See First and Follow လေးလုပ်ပေးထားပါအုံး
၂။ လေ
အပင်တွေဟာ oxygen နဲ့ Carbon dioxide ရူသွင်းရူထုတ်လုပ်ပါတယ်။ အပင်တွေအတွက် လေဝင်လေထွက် ကောင်းမွန်ဖို့လဲ လိုအပ်ပါတယ်။ လေဝင်လေထွက် မကောင်းရင် ပိုးကျတက်ပါတယ်။ မှိုကျတက်ပါတယ်။ ဒါကြောင့် အကိုင်းအခက်တွေ အရမ်းများနေရင် ဖြတ်ပေးသင့်ပါတယ်။ အကိုင်းအခက် လိုသလောက်ဖြတ်ပေးတာက အပင်ကို ပိုသန်စေပါတယ်။
၃။ ရေ
အပင်တွေအတွက် ရေဟာ အလွန်အရေးကြီးပါတယ်။ ရေကို အမြစ် ကနေတဆင့် အပင်တွေအတွက် လိုအပ်တဲ့ အာဟာရ ( Nutrients ) နဲ့ အစိုဓာတ်ကို ထိပ်ဖြားက အရွက်တွေ အထိရောက်အောင် သယ်ဆောင်ပါတယ်။
ဒါကြောင့် ရေနည်းရင် အပင်ထိပ်က အရွက်တွေ ငြိုးခြောက်နေတာ အဖျားခြောက်တာတွေ ဖြစ်တက်ပါတယ်။ ရေများရင်တော့ အရွက်ပျော့အိအိနဲ့ ငြိုးတက်ပါတယ် အမြစ်ပုပ်တက်ပါတယ်။ ပန်းအိုးက ရေဝပ်ရင် အမြစ်ပုပ်တက်ပါတယ်။
နေအရမ်းပူရင် အပူချိန်ကိုလျော့ချဖို့အတွက် အပင်တွေက ရေပိုလိုအပ်ပါတယ် လိုအပ်တဲ့ ရေပမာဏကို မပေးနိင်ရင် အရွက်အနားအဖျားတွေ စတင်ကြွပ်ခြောက်လာပါလိမ့်မယ်။
( နောက်ထပ် ဗဟုသုတ ရစေနိင်တဲ့ စိုက်ပျိုးနည်းသစ်တွေ လေ့လာနိင်ဖို့ ` သီးပင်စားပင် စိုက်ပျိုးနည်းများ ´ page ကို See First Follow လေးလုပ်ထားကြပါအုံးနော် )
၄။ Nutrients ( အာဟာရ ၊ မြေသြဇာ )
အပင်တွေ ကြီးထွားဖို့ အသီးသီးဖို့ ရှင်သန်နေဖို့ အတွက် Nutrients အာဟာရ ကို လိုအပ်ပါတယ်။ ရေမှာပျော်ဝင်နေတဲ့ Nutrients အာဟာရ ကို အပင်တွေက အမြစ်ကနေတဆင့် အရွက်ကနေတဆင့် စုပ်ယူ စားသုံးကြပါတယ်။
အပင်တွေအတွက် လိုအပ်တဲ့ Nutrients အာဟာရ များမှာ အများလို အာဟာရ ဖြစ်တဲ့ N ,P ,K ,Ca ,Mg ,S နဲ့ အနည်းလို အာဟာရ ဖြစ်တဲ့ Cu,Zn,Mn,B,Fe အစရှိတဲ့ အရာတွေကိုလိုအပ်ပါတယ်။ Nutrients အာဟာရတွေဟာ သူ့ လုပ်ငန်းစဥ်နဲ့ သူ အလုပ်လုပ်ရပါတယ်။ အပင်တွေအတွက် Nutrients အာဟာရဓာတ် အကုန်ပြည့်စုံနေဖို့ လိုအပ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ အပင်ရဲ့ အသီးက အရသာပိုပြည့်စုံပါတယ်။ ပိုးဒဏ် မှိုဒဏ် ပိုခံနိင်ပါတယ်။
၅။ နေရာ
အပင်တွေအတွက်နေရာက အရမ်းအရေးကြီးပါတယ်။ အပင်ကြီးရင် အပင်ရဲ့ အမြစ်တွေ အေးအေးချမ်းချမ်းနေနိင်ဖို့ အိုးကြီးကြီး သုံးသင့်ပါတယ်။ အပင်တွေ အရမ်း ပြည့်ကြပ်နေရင် အမြစ်တွေ ရှုပ်ထွေးပြီး ရေ အာဟာရ နဲ့ အလင်းကို လုံလောက်စွာ မရတာမျိုး ဖြစ်ပြီး အပင်ရှည်ထွက်လာတာ ပိန်လှီလာတာ၊ အပင်ပုသွားတာ၊ ထပ်မကြီးထွားတော့တာ၊ အညွန့်ကြွေတာ စတဲ့ ပြသာနာတွေ ဖြစ်တက်ပါတယ်။
ဒီလောက်ဆို အပင်တွေ ရှင်သန်ဖို့အတွက် အရေးကြီးတဲ့ အချက်တွေကို နားလည်မယ်လို့ ထင်ပါတယ်
