ချက်စားဖြစ်တဲ့ #ကချင်ငါးပေါင်း ပြုလုပ်နည်း
ဟင်းခတ်အမွှေးကြိုင်ကြိုက်သူတွေအတွက် အလွန်စားကောင်း
ပါဝင်ပစ္စည်းများ
ငါး ဖက်ဖယ် ပင်စိမ်း ရှမ်းနံနံ နံနံပင် ဂျင်း ကြက်သွန်ဖြူ ငရုတ်သီးအနီတောင့် ဆီအနည်းငယ်
ပြုလုပ်ပုံ
-ဖက်ဖယ် ပင်စိမ်း ငရုတ်သီးအနီတောင့် ကြက်သွန်ဖြူ ဂျင်း နံနံပင် ရှမ်းနံနံ ပါးပါးလှီးပြီး နဲနဲကြိတ်စက်နဲ့ ကြိတ်လိုက်ပါတယ်
-ငါးကို အရသာဝင်အောင် နယ်ပြီး ခဏထားထားပါတယ်
-နာရီဝက်လောက်ကြာတော့ ငါးနဲ့ ခုနက ကြိတ်ထားတာတွေရယ် ဆီရယ်ရောပြီး နယ်လိုက်ပါတယ်
-ငှက်ပျောဖတ်လေးနဲ့ထည့်ပြီး ရေနွေးလေးနဲ့ ပေါင်းလို့ရသလို ဒယ်အိုးထဲရေအနည်းငယ်ထည့်ပြီးချက်လို့လည်းရပါတယ်ရှင်

image