🔶 ပဲပြားသုပ်
*************
ပဲပြားကြော် ( အခွံတင်းအောင်ကြော်ထားပါ )
ဂေါ်ဖီ ( ပါးပါးလှီးထားပါ )
သံပုရာသီး
ရှောက်ရွက် ( ပါးပါးလှီးထားပါ )
ငရုတ်သီးစိမ်း ( မထူ မပါး လှီးထားပါ )
ဆား ( သို့မဟုတ် ) ငံပြာရည်
အရသာမှုန့်
ပုစွန်ခြောက်မှုန့်
ကြက်သွန်ဖြူ ဆီသတ်ဖပ် @ ဆီ
အားလုံးရော၍ ချဉ် ငံ စပ် လေး သုပ်စားပါ။
