ပုဇွန်ဆိတ်အစပ်ငံပြာရည်ကြော်
ပုဇွန်ဆိတ်လေးတွေ(ဆယ့်ငါးကျပ်သားလောက်ရှိ)ရေဆေးသန့်စင်ပြီ နှုပ်ခမ်းမွေးလေးတွေပါညှပ်ထား မညှပ်လည်းရပါတယ် 😁
ညှပ်လည်းပြီးအကြောတွေတတ်လို့😅
ကြက်သွန်နီ လေးလုံးလောက်ပါးပါးလှီး
ကြက်သွန်ဖြူဆယ်မွှာလောက်လည်းပါးပါးလှီးထားပါ
ပြီးရင်အိုးထဲဆီထည့်နနွင်းမုန့်လေးထည့် လှီးထားတဲ့ကြက်သွန်တွေထည့်ပြီးနွမ်းအောင်ကြော်ပေးပါ
ကြက်သွန်လေးတွေနွမ်းပြီးအရောင်ပြောင်းလာရင်အရောင်တင်မုန့်ထမင်းစားဇွန်းတဇွန်းစာလောက်ထည့်ပါ.ပြီးရင်ငရုပ်သီးအကြမ်းဖတ်ကိုယ်အစပ်စားနိုင်သလောက်ထည့်ကြော်ပါ ပြီးရင်ပုဇွန်တွေထည့်
အရသာအတွက်အချိုမုန့်လေးနည်းနည်းနဲ့ငံပြာရည်ကိုထည့်ကြော်ပါ
ခြောက်ခြောက်လေးဖြစ်အောင်ကြော်ပြီးရင် ပုဇွန်ဆိတ်အစပ် ငံပြာရည်ကြော်လေးရပါပြီရှင်
Kay Khaing Oo
Credit : Kay Khaing Oo

image