တရုတ်ကို သွားဖို့ရှိတယ်လို့ ဒေါ်နယ်ထရန့်ပြော
ဝါရှင်တန်၊ ဇွန်-၆-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်နိုင်ငံဟာ သွားရောက်ဖို့ရှိတယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တယ်လီဖုန်းဆက်သွယ် ပြောဆိုပြီးနောက် ထုတ်ဖော်ပြောဆိုပါတယ်။
အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုအတွင်း အပြန်အလှန် လာရောက်လည်ပတ်ဖို့တွေကို ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ တရုတ်ခရီးစဉ်ကိုတော့ တရာဝင် အတည်ပြုတာမျိုးမရှိသေးပါဘူး။
နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုတွေနဲ့ပတ်သက်သက်ပြီး ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တို့ဟာ ကြာသပတေးနေ့မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပြီး ဒါဟာ အမေရိကန်ဘက်က တောင်းဆိုမှုကြောင့်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။
တနာရီခွဲကြား ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာတွေကို အဓိကဆွေးနွေးခဲ့ပြီး အလွန်အပြုသဘောဆောင်တယ်လို့ ထရန့်ကဆိုပါတယ်။ ဖိတ်ကြားချက်အရာ တချိန်ချိန်မှာ သမ္မတကတော်နဲ့ အတူ တရုတ်သိုသွားဖို့ရှိပြီး ရှီကျင်းပင်လည်း အိမ်ဖြူတော်လာမယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ဂျီနီဗာမှာ မကြာသေးမီက ချုပ်ဆိုခဲ့တဲ့ ကုန်သွယ်ရေးသဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နေကြောင်း ရှီကျင်းပင်က ပြောပါတယ်။နှစ်ဖက်စလုံးက အခွန်တွေ သိသိသာသာ လျှော့ချဖို့ ရည်ရွယ်တဲ့ ဒီသဘောတူညီချက်ကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။
သဘောတူညီချက်အရ နှစ်ဖက်စလုံးအနေနဲ့ အခွန်ကောက်ခံမှုတွေကို လျှော့ချခဲ့ပြီး ကုန်သွယ်ရေး သဘောတူညီချက်တရပ်အတွက် ကြိုးပမ်းဖို့ ရက်ပေါင်း ၉၀ သတ်မှတ်ထားပါတယ်။
Ref:BBC
Photo:Reuters

image