တကယ်တော့ အချစ်ဟာ နီးလွန်းရင် မမြင်နိုင်သလို၊
အရမ်းချစ်ပြရင်လည်း တန်ဖိုးမဲ့သွားတတ်တာပဲလား ။
ကိုယ့်ရဲ့ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းဆိုတဲ့
စိတ်အတက်အကျတွေဟာ
ကိုယ်တိုင်ဖန်တီးယူလို့ရတဲ့ အရာတွေပဲဖြစ်ပါတယ်။
ဒါကြောင့်.ကိုယ့်ပျော်ရွှင်ခြင်းကိုတစ်ပါးသူဆီသွားမရှာနဲ့။
နာကျင်မှုတွေအတွက်လည်း ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့။
ကိုယ့်ခွင့်ပြုချက်မပါပဲ ဘယ်သူကမှ ကိုယ့်ကိုနာကျင်အောင်လုပ်လို့မရဘူး။
ဘဝမှာ အရေးကြီးဆုံးက တစ်စုံတစ်ယောက်ကြောင့်
မိမိကိုယ်ကို ပျောက်ဆုံးမခံမိစေဖို့ပါပဲ။
ကိုယ်လိုချင်တဲ့ ဘဝတစ်ခုကို ကိုယ်တိုင်သာ
ဖန်တီးတည်ဆောက်ရပါလိမ့်မယ်။
#tharhtwe
#ဘဝ၏ပျော်ရွှင်ခြင်း၊အချစ်၏လှပခြင်း
