3 w - Translate

❝ လူ့ဘဝ ဟာ တိုတိုလေးရယ်
နေ့ရက်တိုင်းကိုတန်ဖိုးထားသင့်တယ်... ဆိုတာ
မှန်ပေမယ့် တစ်ခါတလေကျတော့လည်း
ဘယ်လိုမှ ရင်ဆိုင်လို့ အဆင်မပြေတဲ့
နေ့ရက်တွေ ရှိနေတတ်တယ် ❞

မြို့ငယ်လေးတစ်ခုမှာ
ဖြစ်ခဲ့တဲ့ မတွေးဝံ့စရာ လူသတ်မှုတစ်ခု။
အဲဒီလူသတ်မှုရဲ့ သံသယတရားခံက
မြို့ခံလူတွေက တလေးတစား ဆက်ဆံ၊
လူတော်လူကောင်းအဖြစ် သတ်မှတ်
ထားခဲ့တဲ့သူတစ်ယောက် ဖြစ်နေတယ်။
ဒါပေမယ့် မျက်မြင်သက်သေတွေ
အင်မတန် ခိုင်လုံနေတာကြောင့် အဲဒီ
တရားခံကို မြို့ငယ်ရဲဌာနရဲ့ စုံထောက်
ရက်ဖ်အန်ဒါဆန်က လူပုံအလယ်မှာ
ဖမ်းဆီးလိုက်တယ်။
သို့သော်.. တရားခံမှာ
အပြစ်ရှိသည်/မရှိသည် ဆိုတဲ့ အဖြေဟာ
ထင်ထားသလို မပြတ်သားဘဲ ဝေဝါးလာတယ်။ ဇဝေဇဝါ ဖြစ်ချင်စရာ အချက်အလက်တွေ
အများကြီးထပ်ပေါ်လာတယ်။
ဟိုဘက်ဒီဘက် လွန်ဆွဲနေတဲ့
သက်သေတွေကြားမှာဒီအမှုဟာ
ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။
အဖြေမရှိတဲ့ ပဟေဠိတွေ ထပ်ဆင့်ပွားလာတယ်။
ဒါ့အပြင် ထင်မှတ်မထားတဲ့
အဖြစ်ဆိုးတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ . .
ဒီအမှုရဲ့ ရှုပ်ထွေးမှုဟာ ထိတ်လန့်စရာ၊
သွေးပျက်ချင်စရာ ပုစ္ဆာတစ်ပုဒ် အဖြစ်
အသွင်ပြောင်းလာတယ်။
ဒါနဲ့ပဲ . . ဒီလို “ရှင်းမရတဲ့ ပြဿနာတွေ”ကို
သီးသန့်ဖြေရှင်းတတ်သူ “ဟော်လီ”..ဆိုတဲ့
အလွတ်စုံထောက် အမျိုးသမီးတစ်ယောက်ကို အကူအညီ တောင်းရတော့တယ်။
အဲဒီမှာ.. ဒီရာဇဝတ်မှုကို
တကယ်ကျူးလွန်သူဟာ ဘယ်သူမှ
ထင်မထားတဲ့၊ သံသယတရားခံစာရင်းထဲမှာ
မပါတဲ့.. အပြင်ကသူ.. “သူစိမ်း” တစ်ယောက်
ဖြစ်နေ မလားဆိုတာ မေးခွန်းထုတ်စရာ
ဖြစ်လာတယ်။
အဲဒီ “သူစိမ်းဟာ.. သဘာဝရဲ့
စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့
“သဘာဝလွန်” အရာတစ်ခုလေလား။
မေးခွန်းတွေရဲ့ လမ်းအဆုံးမှာ ရှင်းလင်းတဲ့
ယုတ္တိရှိတဲ့ အဖြေတစ်ခု ပေါ်လာလေမလား။
ဒါမှမဟုတ်..ပြဿနာဟာ ရှင်းမရဘဲ
ပိုပြီး ရှုပ်ထွေး၊ ချောက်ချားစရာ
အိပ်မက်ဆိုးတွေဆီ ဦးတည်သွားမလား . . .
• ချမ်းမြေ့ဝင်း •
▫️သူစိမ်း▫️

image