ဇွန်လ ၁၁ ရက်နေ့က စတင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ
🔸အထက်လေပွေလှိုင်း(UACC)တခုဖြစ်ပေါ်လာနိုင်ကြောင်း၊ ပိုမိုအားကောင်းလာနိုင်ပြီး လေဖိအားနည်းရပ်ဝန်းအဆင့်အထိ ရောက်နိုင်ကြောင်း၊
🔸ECMWF မှ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ချေတွက်ချက်မှုမှာတော့ ဇွန်လ ၁၅ ရက် မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ချေ ၆၀% ရှိတယ်လို့ ဖေါ်ပြထားကြောင်း တွေ့ရပါတယ်။
လက်ရှိကြိုတင်ခန့်မှန်းချက်တွေအရ -
🔸မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေအပါအဝင်၊ 🔸ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ဇွန်လ ၁၂ ရက်နေ့က စ ပြီး မိုးအားပြန်ကောင်းလာနိုင်မယ်လို့ တွေ့ရပါတယ်။
ဇွန်လ ၁၁-၁၂ ရက် နဲ့ နောက်ပိုင်းရက်တွေအတွင်း ပင်လယ်ပြင်မှာဖြစ်ပေါ်လာနိုင်တဲ့ ထူးခြားမိုးလေဝသအခြေအနေရှိနေတာကြောင့် ၄ ရက် ကြိုတင်ခန့်မှန်းချက်တွေ တင်ပေးထားတဲ့ မိုးလေဝသ widget တွေကိုစောင့်ကြည့်ကြပြီး ကိုယ်နေထိုင်ရာဒေသရဲ့ မိုးလေဝသအခြေအနေတွေကို စောင့်ကြည့်ကြစေချင်ပါတယ်။

image