3 w - Translate

22h ·
👉 သင်္ဘောအဖိုပင်မှ အမပင်ပြောင်းနည်း 👈😱
- သင်္ဘောပင် အဖိုပင်ကနေ အမပင်ဖြစ်အောင် ပြုလုပ်နည်း အဆင့်ဆင့်ကို ဝေမျှပေးလိုက်ပါတယ်။ ☺
၁။ သင်္ဘောအဖိုပင်ကို အပင်ရင်းမှ တစ်တောင်ခန့်ချန်ပြီး ဖြတ်ထားပေးပါ။
၂။ အမကိုင်း ထည့်ဆက်မှာဖြစ်တဲ့အတွက် ၂လက္မခန့် အကွဲကြောင်း လှီးဖြတ်ပေးထားပါ။
၃။ အမကိုင်းကို တစ်ထွာကျော်ခန့် အပေါ်ပိုင်း လှီးဖြတ်ယူပေးပါ။ အမအပင်ပေါက်ကို ထည့်ဆက်နိုင်သလို အမပင်ကြီးတွေမှ ကိုင်းတက်တွေကို ဖြတ်ယူပြီး ထည့်ဆက်လို့လဲရပါတယ်။
၄။ အရင်းပိုင်းကို အင်္ဂလိပ်အက္ခရာ "V"ပုံစံ နှစ်ဖက်အပြားချွန်ပေးပါ။
၅။ အောက်ခံအဖိုပင် အကွဲကြောင်းထဲ ထည့်ဆက်ပေးပြီး တိပ်နဲ့ကြပ်စည်းပေးထားပါ။
၆။ နေရောင်တိုက်ရိုက်မထိတွေ့ဖို့နဲ့ ရေမဝင်စေဖို့ ပလတ်စတစ်အိတ်နဲ့ ဖုံးအုပ်ထားပေးပါ။
၇။ ၁၅ရက်ကျော်လောက်ဆို အညွန့်တက်တွေထွက်လာရင် ကိုင်းဆက်တာ အောင်မြင်ပါတယ်။
ဒါဆိုရင်တော့ အဖိုပင်ကနေ အမပင်ပြောင်းလဲသွားပြီး ပုပုလေးနဲ့ သီးစေမှာပဲ ဖြစ်ပါတယ်။

image