ခရမ်းချဥ်သီး ပန်ထွေဖျော်နည်း.....။ 🍅😋
ပါဝင်ပစ္စည်းများ........
- ခရမ်းချဥ်သီး
- ငရုတ်သီးစိမ်းအညှာခြွေ
- ကြက်သွန်ဖြူ တို့ကို ရေဆေးပြီး မီးကင်
- စိမ်းစားငပိအနည်းငယ် မီးကင်
ပါဝင်ပစ္စည်းများအားလုံး မီးကင်ပြီးရင်
ခရမ်းချဥ်သီး ကို အခွံနွှာ
ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတွေကို
ကြိတ်စက်ထဲ ဆားထည့်ပြီး ကြိတ်
(ကြိတ်စက်မရှိလဲ ခရမ်းချည်သီးလေးတွေကို ဇွန်းလေးနဲ့ခြေပီးဖျော်လည်းရတယ်။ ငရုတ်သီး၊ ကြက်သွန်ဖြူလေးတွေကို ငရုပ်ဆုံလေးနဲ့ထောင်းပြီးမှဖျော်ထားတဲ့ခရမ်းချည်သီးထဲကိုထည့်ပီးမွှေ)
နံနံပင် ပါးပါးလှီးထည့်ပြီး ကိုယ်ကြိုက်တဲ့
အသီးနှံတွေနဲ့ တွဲစားလို့ရပါပြီး ခင်ဗျာ.....။ 😋
ဦးနိုင်ကတော့အရမ်းကြိုက်......😋
ငါးရံ့ခြောက်ဖုတ်/အမဲကြော်တို့နဲ့ ထမင်းပူပူလေးနဲ့ဆို
အာဂပါးစပ်လူဖြစ်ရကြိုးနပ်ပေါ့ ဗျာ.....။ 😋
Credit..... ဦးနိုင်
