စားကောင်းတဲ့
ကန်စွန်းဥဆနွင်းမကင်း
မုန့်လုပ်ဖို့
ကန်စွန်းဥ ၂ ပိသာ ( ပြုတ်ရပါမယ် )
ဂျုံမှုန့် ၂၀ သား
အုန်းသီးစိမ်းတစ်လုံးခြစ်
သကြား ၁၅ ကျပ်သား
ဆားအနည်းငယ်
အုန်းနို့စိမ်းဗူး ၁ ဗူး
ကြက်ဥ ၅ လုံးလိုပါတယ်
ဒါကမုန့်သားနယ်ဖို့လိုတာပါ
အဲ့ဒါတွေကိုစုပေါင်းထည့်ပြီးရောနယ်ပါမယ်
မုန့်ဖုတ်မယ့်အိုးထဲ
ထောပတ်ဆီလောင်းထည့်ပါ
နယ်ထားတဲ့ကန်စွန်းဥတွေထည့်ပြီးမျက်နှာပြင်ညီအောင်ညှိပါ
ပြီးရင် နောက်ထပ်အုန်းနို့စိမ်းဗူးတစ်ဗူးဖေါက်ပြီး
မုန့်သားအပေါ်ကလောင်းထည့်ပါ
မျက်နှာပြင်နှံ့အောင်ညှိပါ
ဘိန်းစေ့ဖြူးပါ
အပေါ်မီးများများ
အောက်မီးနည်းနည်းနဲ့နာရီဝက်ခန့်ဖုတ်ရပါတယ်ဒါဆို
ကန်စွန်းဥဆနွင်းမကင်းရပါပြီ
#crd_to_owner_with_respect

image