ယူကရိန်းသမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲ ပူတင်ပယ်ချ
မော်စကို၊ ဇွန်-၅-၂၀၂၅
ရတီ(VOM)
အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ထိပ်သီးဆွေးနွေးပွဲအတွက် ယူကရိန်းရဲ့ အဆိုပြုချက်တွေကို ရုရှားသမ္မတ ပူတင်က ပယ်ချလိုက်ပြီး အကြမ်းဖက်မှုကိုအားကိုးတဲ့ သူတွေနဲ့ ဘယ်သူမှ မညှိနှိုင်းဘူးလို့ ပြောပါတယ်။
တူရကီမှာ ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးမှုကို ဦးဆောင်ခဲ့တဲ့ ပူတင်ရဲ့လက်ထောက် မက်ဒင်စကီးက ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သမ္မတကို အစီရင်ခံခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ ပူတင်နဲ့ ဇီလန်စကီး ထိပ်သီးဆွေးနွေးအတွက် ပြင်ဆင်ရေး ရက် ၃၀ သို့မဟုတ် ရက် ၆၀ ကြာ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တယ်လို့ ပြောပါတယ်။
မကြာသေးခင်ရက်အတွင်း ရုရှားအနောက်ခြမ်း ဘရန့်စ်နဲ့ ကာ့စ်ဒေသတွေမှာ တံတားတွေ ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် လူခုနှစ်ယောက်သေဆုံးခဲ့ပါတယ်။ ဒါဟာ အကြမ်းဖက်တိုက်ခို်ကမှုဖြစ်တယ်လုပ ပူတင်က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး ယာယီလုပ်လိုက်ရင် ယူကရိန်းအနေနဲ့ အနောက်နိုင်ငံလက်နက်တွေကို ပြင်ဆင်ဖို့နဲ့ အခြားအကြမ်းဖက်မှုတွေအတွက် ပြင်ဆင်နိုင်ခြေရှိတယ်လို့ ရုရှားသမ္မတက ပြောပါတယ်။ ယခင်ကလည်း ပူတင်ဟာ ဇီလန်စကီးကို သက်တမ်းကုန်နေတဲ့ ယူကရိန်းသမ္မတဆိုပြီး ဆွေးနွေးရေးကို ပယ်ချခဲ့ပါတယ်။
ဒီအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ မနေ့က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပြီး ယူကရိန်း ငြိမ်းချမ်းရေးအတွက် အဖြေမထွက်သေးပေမယ့် အပြုသဘောဆောင်ကြောင်း ထရန့်က ပြောပါတယ်။
မကြာသေးခင်ရက်ပိုင်းအတွင်း ယူကရိန်းဟာ ရုရှားစစ်အခြေစိုက်စခန်းလေးခုရှိ ဗုံးကြဲလေယာဉ်တွေကို ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ဒီကိစ္စအပေါ် ပူတင်က လက်တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ ဒေါ်နယ်ထရန့်က သတိပေးထားပါတယ်။
Ref:NHK
