""ဆုံးရှုံးပြီးမှ""
လူတစ်ယောက်တန်ဖိုး
နားလည်မယ်ဆိုရင်
သင်နားလည်သွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာရှိဖို့မသေချာတော့ဘူး
အနားမှာရှိတုန်း
လူတစ်ယောက်အကြောင်း
မသိခဲ့ဘူးဆိုရင်
သင်သိသွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာမရှိနိုင်တော့ဘူး
အတူရှိခွင့်ရတုန်းမှာ
လူတစ်ယောက်ကို
ကိုယ်ချင်းမစာတတ်ခဲ့ရင်
သင်ကိုယ်ချင်းစာတတ်တဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာမရှိနိုင်တော့ဘူး
မိသားစုမှာပဲဖြစ်ဖြစ်
သူငယ်ချင်းအချင်းချင်းမှာပဲဖြစ်ဖြစ်
လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်ပေါ့
လူတိုင်းလူတိုင်းဟာ
ဆုံးရှုံးပြီးမှ
သင်ခန်းစာရသွားတတ်
သူတွေကြီးပါ။
#ဆရာအောင်သင်းစာပေ
