ကုဋေ ၄၀ ကျော် တင်တောင်းခံရတဲ့ မင်္ဂလာပွဲမှာ အိန္ဒိယသီချင်းကို ကိုယ်တိုင် သီဆို ဂုဏ်ပြုပေးခဲ့တဲ့ ချယ်ရီသင်း
အဆိုတော် ချယ်ရီသင်းက သူမကိုယ်တိုင်လည်း အားကျခဲ့ရတဲ့ မင်္ဂလာပွဲလည်းဖြစ်ပါတယ်။ ကုဋေ ၄၀ ကျော် တင်တောင်းခြင်းခံခဲ့ရတဲ့ မင်္ဂလာပွဲမှာ သူမက ကိတ်ခွဲချိန် အိန္ဒိယသီချင်းဆိုပြီး ဂုဏ်ပြုပေးခဲ့တာပါ။ အင်မတန်ကို ခမ်းနားတဲ့ မင်္ဂလာပွဲဖြစ်တယ်လို့ ချယ်ရီသင်းကဆိုပါတယ်။ မင်္ဂလာပွဲလာဧည့်ပရိသတ်တွေကို ချယ်ရီသင်းက အကောင်းဆုံး Performance တွေနဲ့ ဖျော်ဖြေပေးခဲ့တာလည်း တွေ့ရပါတယ်။
