သားသမီးတွေ ငယ်ငယ်လေးတည်းက ဇနီးနဲ့ကွဲခဲ့ပေမယ့် ကလေးတွေ စိတ်ဒဏ်ရာရမှာစိုးလို့ တစ်အိမ်တည်းမှာပဲ အတူနေခဲ့တယ်ဆိုတဲ့ ကျော်ရဲအောင်
သမီးငယ်ငယ်လေးတည်းက သူဟာ အိမ်ထောင်ကွဲခဲ့တာဖြစ်တယ်လို့ ကျော်ရဲအောင်ကပြောပါတယ်။ သို့သော်လည်း သားသမီးတွေ စိတ်နာကြည်းဒဏ်ရာရမှာစိုးတဲ့အတွက် တစ်အိမ်တည်းမှာပဲ နေခဲ့ကြတာလို့ ဆိုပါတယ်။ တစ်အိမ်တည်းဆိုသော်လည်း တစ်ခန်းစီနေခဲ့ကြတာကြောင့် သားသမီးတွေက စိတ်ဆိုးနေကြတယ်လို့ပဲ မြင်ထားကြတာပါ။ ကျော်ရဲအောင်ဟာ သားနဲ့သမီး ၂ ဦးမွေးဖွားထားပြီး ထူးမြတ်ကျော်ရဲအောင်နဲ့ မှုံနံ့သာကျော်ရဲအောင်တို့ပဲဖြစ်ကြပါတယ်။
