4 w - Translate

ဝေဟင်မှာ တစ်နာရီ ၁၂၄ မိုင်နှုန်း ပျံနိုင်တဲ့ မိုးပျံဆိုင်ကယ်
ပိုလန်သားတီထွင်သူ တိုမက်ဇ် ပါတန်ရဲ့ ဂျက်ဝါဝါတပ် မိုးပျံဆိုင်ကယ်က တကယ်ဖြစ်လာပါပြီ။
ပါတန်က သူ့ရဲ့ မိုးပျံဆိုင်ကယ်ကို Volonaut Airbikeလို့ နာမည်ပေးထားပြီး သူကိုယ်တိုင် စီးနင်းပျံသန်းပြခဲ့တာပါ။ Volonaut Airbike ကို သစ်တောနဲ့တောင်ကြားထဲ လက်တွေ့စီးပြတဲ့ ဗွီဒီယိုဖိုင်ကို Volonaut ရဲ့ YouTube မှာ ရှာကြည့်နိုင်ပါတယ်။
Volonaut ရဲ့ ဝက်ဘ်ဆိုက်မှာ Airbike တွေက လူတစ်ယောက်သယ်ဆောင်နိုင်ပြီး တစ်နာရီ ၁၂၄ မိုင်နှုန်းအထိ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်ထည်ကို အကြမ်းခံပြီး ပေါ့ပါးတဲ့ အဆင့်မြင့် ကာဗွန်ဖိုက်ဘာနဲ့ 3D Printing နည်းပညာသုံး ထုတ်ထားတာပါ။
ပုံမှန်မော်တော်ဆိုင်ကယ်တွေထက် Volonaut Airbike တွေက ၇ ဆ ပိုပေါ့ပါးတယ်လို့ ပြောပါတယ်။ တခြား တစ်ကိုယ်ရေသုံး မိုးပျံယာဉ်တွေနဲ့ မတူတဲ့အချက်က Volonaut Airbike တွေမှာ ဂျက်အင်ဂျင်တွန်းစနစ်သုံးတာပါ။ ယာဉ်ကို အလိုအလျောက် ဟန်ချက်ထိန်းဖို့ flight ကွန်ပျူတာနဲ့ အဆင့်မြှင့်ထားတဲ့ ကိုယ်ပိုင် stabilization system တစ်ခုလည်း ပါပါတယ်။
Airbike က ဆိုင်ကယ်မောင်းသူကို အာကာပြင်ကနေ ၃၆၀ ဒီဂရီပတ်လည်ရှုစားလို့ရအောင် အမိုးမပါတဲ့ roofless ဒီဇိုင်းနဲ့ လာပါတယ်။ လွတ်လပ်လွင့်မျောခြင်းအရသာကို အသဲတအေးအေးခံစားချင်တဲ့ biker တွေအတွက်တော့ Airbike က အိပ်မက်တစ်ခုပါပဲ။
Volonaut Airbike တွေကို စီးပွားဖြစ်ထုတ်လာမလားဆိုတာတော့ မသိရသေးပါဘူး။ ဈေးကွက်ထဲ ရောက်မယ်ဆိုရင်တော့ Volonaut အတွက် ဝယ်လက်ရှားစရာမရှိဘူးလို့ ထင်ပါတယ်။

image