4 w - Translate

ဘေလ်လုံးဝမကုန်တဲ့ဖုန်း အာဖရိကလူငယ်တစ်ဦး တီထွင်
ဆိုင်မွန် ပီထရက်ဇ်ဆိုတဲ့ နမ်မီဘီးယားနိုင်ငံသား လူငယ်တစ်ယောက်ဟာ SIM Card မလို ၊ ဘေလ်ဖြည့်စရာမလိုဘဲ ဖုန်းခေါ်နိုင်တဲ့ မိုဘိုင်းဖုန်းတစ်မျိုး တီထွင်နိုင်ခဲ့ပါတယ်။
ဆယ်လူလာလိုင်းတွေ မလိုဘဲ ရေဒီယိုကြိမ်နှုန်းနဲ့ ဖုန်းခေါ်နိုင်တဲ့ device ပါ။ ဆိုင်မွန်က ဒီဖုန်းကို သုတေသနရန်ပုံငွေက ရတဲ့ ပိုက်ဆံနဲ့ တီထွင်ခဲ့တာ မဟုတ်ပါဘူး။ သူ့ဘာသာ ကျောင်းတက်ရင်း ဟိုကဒီကရတဲ့ အီလက်ထရွန်းနစ်အစိတ်အပိုင်းလေးတွေ စုပြီး ဖန်တီးခဲ့တာပါ။
သူ သုံးထားတဲ့ ပစ္စည်းတွေထဲမှာ ခေတ်ဟောင်း လက်ကိုင်ဖုန်းစုတ်ကြီးတစ်ခုဆီက ပစ္စည်းတွေ ပါသလို TV ဟောင်းကြီးက ထုတ်ထားတဲ့ ပစ္စည်းတွေလည်း ပါတာပါပဲ။ လှိုင်းတိုကြိမ်နှုန်းနဲ့ အပြန်အလှန်ဆက်သွယ်နိုင်မယ့် ရေဒီယိုစနစ်တွေလည်း ပါတာပါပဲ။
ဆိုင်မွန့်ဖုန်းမှာက TV ကြည့်လို့ရတဲ့ feature ပါသလို LED မီး ၊ fan နဲ့ USB အားသွင်းပေါက်တွေလည်း ပါပါတယ်။ ဒါတွေကို အိမ်ဖြစ် ဆားကစ်တစ်ခုနဲ့ မောင်းနှင်ပါတယ်။ ပြီးရင် ပါဝါ source တစ်ခုနဲ့ ချိတ်သုံးပါတယ်။
စစ်တပ်သုံး ဝေါကီတော်ကီ two-way ရေဒီယိုတွေနဲ့ တူပေမယ့် မတူတာက သူက လက်ကိုင်မိုဘိုင်းဖုန်းပုံစံ ပြောင်းလိုက်တာပါ။ ရေဒီယို signal မိတဲ့ အဝန်းအဝိုင်းအတွင်း ဘယ်နေရာမဆို Free ကောတွေ အကြိုက်ပြောနိုင်မှာပါ။
ဖုန်းလိုင်းမမိတဲ့နေရာတွေ ၊ သဘာဝဘေးကြောင့် ဆက်သွယ်ရေး ပြတ်သွားတဲ့ နေရာမျိုးမှာ ရွှေလိုအဖိုးတန်မယ့် တီထွင်မှုလို့ ဆိုနိုင်ပါတယ်။ ဒီတီထွင်မှုနဲ့ပဲ ဆိုင်မွန် ပီးထရက်ဇ်က ဆုရခဲ့ပါတယ်။
စိတ်မကောင်းစရာက အီလက်ထရွန်းနစ် အင်ဂျင်နီယာ‌မေဂျာနဲ့ သူဘွဲ့ရပြီးတာတောင် ၂ နှစ်ကြာပြီဆိုပေမယ့် အခုထိ သူ့နည်းပညာကို ဈေးကွက်ဝင်ထုတ်ကုန်အဖြစ် ထုတ်လုပ်ဖို့ ထောက်ပံ့မယ့်သူ မရှိသေးတာပါပဲ။
ဆိုင်မွန့်ရဲ့ ဘေလ်မကုန်တဲ့ ဖုန်းဟာ prototype အနေနဲ့ပဲ ရှိသေးသလို သူလည်း အခုထိ အလုပ်မရသေးပါဘူး။

image