ရေကြက်သုပ် (ကင်းမွန်သုပ်) .........
သုပ်နည်း - ကင်းမွန်ကို အထဲက အနှစ်တွေထုတ်၊ ကျောမှာပါတဲ့ အကြည်လွှာ၊ ခေါင်းပေါ်က လက်ချောင်းတွေရဲ့ အလယ်က အလုံးလေး နဲ့ မျက်လုံးတွေ ထုတ်လိုက်ပါ ... အရေခွံ ခွါလိုက်ပါ ... ပြီးရင် သေချာဆေးပြီး ကျက်အောင် ပြုတ်ပေးပါ ... ငရုတ်သီးစိမ်းနဲ့ ငပိစိမ်းစားအနည်းငယ်ကို မီးကင်ပေးပါ ... ပြီးရင် မီးကင်ထားတဲ့ ငရုတ်သီးနဲ့ ငပိစိမ်းစားကို ကြက်သွန်ဖြူလေး ထည့်ထောင်းပေးပါ ... ပြုတ်ထားတဲ့ ကင်းမွန်ကို ကပ်ကျေးလေးနဲ့ အတုံးလေးတွေ ညှပ်လိုက်ပါ ... ပြီးရင် အဆင်သင့်ထောင်းထားပြီးတဲ့ ငရုပ်သီး ငပိထောင်းနဲ့ ကြက်သွန်နီပါးပါးလှီးထားတာကို ထည့်ပြီး ရောနယ်လိုက်ပါ ... သံပုရာသီးညှစ်ထည့်ပြီး ... အချို အငန် မြည်းပါ ... နံနံပင်ဖြူးလိုက်တယ် ဆိုရင်ပဲ ငပိမီးကင်နံ့လေး ၊ ကြက်သွန်ဖြူနံ့ ၊ သံပုရာသီး နဲ့ နံနံပင်နံ့လေး ရောသမမွှေပြီး ထွက်လာတဲ့ မွေးရနံ့က ခံတွင်းပျက်နေသူကိုတောင် စားကောင်းအောင် ဆွဲဆောင်သွားပါလိမ့်မယ် ...... တချို့က ငရုတ်ကောင်းလေးပါ ထည့်စားတတ်ပါတယ် .....
