ဟေဒီယန်မဟာကပ် - Hadean Eon (လွန်ခဲ့တဲ့နှစ် သန်း ၄,၅၅၀ - ၄,၀၀၀)
• နာမည် အစွဲပြုရာ - ဂရိမြေအောက်နတ်ဘုရား သို့မဟုတ် ငရဲပြည် - ဟေးဒီးစ် (Hades)
• ကမ္ဘာစတင်ဖြစ်တည်ချိန်ကို ရည်ညွှန်းပါတယ်
• ကမ္ဘာ့မျက်နှာပြင်က ချော်ရည်အတိနဲ့ ပူပြင်းပြီး ဥက္ကာခဲကြီးတွေ မကြာခဏ ဝင်ဆောင့်တတ်တာမို့ ငရဲနဲ့ ခိုင်းနှိုင်းလိုက်တာပါ။
• ကမ္ဘာက ဂြိုဟ်သိမ်ကြီး တစ်ခုနဲ့ တိုက်မိပြီး လကို ဖြစ်ပေါ်စေခဲ့တယ်။
• အစောဆုံး သက်ရှိရဲ့ အထောက်အထား (လွန်ခဲ့တဲ့နှစ်သန်း ၄၁၀၀ ခန့်)
• လေထုနဲ့ သမုဒ္ဒရာ ရှိပေမယ့် အောက်ဆီဂျင် စိုးစဉ်းမှ မရှိသေးပါ။
