4 w - Translate

လူတိုင်းဟာ တစ်နေရာရာမှာ၊ တစ်ချိန်ချိန်မှာ ပျောက်ဆုံးနေကြတာချည်းပဲ။
ပျောက်နေတဲ့လူကို မျှော်နေနိုင်တယ်။ မျှော်နေတာဟာ အပြစ်တစ်ခု မဟုတ်ဘူး။
ကျွန်တော်ကတော့ ခြံထိပ်က စံပယ်ရုံမှာ စံပယ်တွေ ပွင့်တိုင်း အခန်းတံခါးဖွင့်ပြီး ကိုကြီးကို မျှော်နေမိတယ်။
ရေခြားမြေခြား အရပ်တပါးဆီမှာ နေ၊ နေရတော့ စံပယ်ပန်းနဲ့ ဝေးခဲ့ရတယ်။ ဒါပေတဲ့လည်း စံပယ်ပန်း ပွင့်ချိန်ဟာ ခေါင်းထဲမှာ စွဲနေသေးတယ်။ ဒီတော့လည်း ကာလတရားဟာ ကိုကြီးရဲ့ ရှိနေခဲ့ခြင်းကို သတိပေးနေခဲ့တယ်။
(ကိုကြီးရေ၊ ခြံထိပ်က စံပယ်တွေ ပွင့်တော့မယ်ဗျ . .မှ)
-----
မြို့ကြီးပြကြီး က ဝတ္ထုများ
မြင့်သန်း

image