4 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာကုန်တင်လှေတစ်စင်း ထိုင်းပင်လယ်ပြင်တွင် နစ်မြုပ်မှုဖြစ်ပွား
ထိုင်းနိုင်ငံ ဖန်ငါးခရိုင် စူရင်းကျွန်းအနီးပင်လယ်ပြင်တွင် ဇွန် ၁ ရက်က ကော့သောင်းမြို့မှ ထွက်လာသော မြန်မာကုန်တင်လှေတစ်စင်းနစ်မြုပ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ကုန်ပစ္စည်းများကို တင်ဆောင်လာသော ဧရာလင်းအမည်ရှိ မြန်မာကုန်တင်လှေတစ်စင်း နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး လှေပေါ်တွင် လှေဦးစီးအပါအဝင် မြန်မာနိုင်ငံသား ခုနစ်ဦးလိုက်ပါလာပြီး လောင်စာဆီနှင့် အခြားကုန်ပစ္စည်းများကို သယ်ဆောင်လာကြောင်း သိရသည်။
ယင်းကုန်တင်လှေသည် ပြီးခဲ့သော မေ ၂၃ ရက်က ကုန်ပစ္စည်းများကို တင်ဆောင်ရန် ရနောင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီး မေ ၂၉ ရက်တွင် ရနောင်းဆိပ်ကမ်းမှထွက်ခွာလာခဲ့ကာ ကော့သောင်းမြို့သို့ ကုန်ပစ္စည်းပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် ဇွန် ၁ ရက်တွင် ကော့သောင်းမှတစ်ဆင့် မြိတ်မြို့သို့ ထွက်ခွာလာရာ ပင်လယ်ပြင်ထဲတွင် လှေကိုယ်ထည်မှတစ်ဆင့် ရေယိုစိမ့်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အန္တရာယ်မဖြစ်စေရန် အနီးစပ်ဆုံးကျွန်းတစ်ခုကို ကပ်နိုင်ရန်ကြိုးစားခဲ့ကြောင်း လှေပေါ် လိုက်ပါလာသူများက ထိုင်းရေတပ်ကို ဖြေကြားထားကြောင်း သိရသည်။
ယင်းမှတစ်ဆင့် လှေသည်ထိုင်းရေပိုင်နက်ဖြစ်သော စူရင်းကျွန်း အနီးထိမျောပါလာခဲ့ကြောင်း၊ ထိုင်းရေတပ်အဖွဲ့က လာရောက်ကူညီစဉ် ကုန်တင်လှေထဲသို့ရေစဝင်နေသည်ကို တွေ့ရှိခဲ့သဖြင့် လှေပေါ်လိုက်ပါလာသော မြန်မာနိုင်ငံသားခုနစ်ဦးကို ကူညီခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - bangkok post

image