4 w - Translate

#ပြည်တွင်းသတင်း
◼ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦး ထပ်မံတွေ့
ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦး ထပ်မံတွေ့ရှိကြောင်း နစက၏ ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ (ဇွန် ၃ ရက်)ရက်စွဲဖြင့် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မေ ၂၅ ရက်၊ ည ၈ နာရီ မှ ဇွန် ၁ ရက်၊ည ၈ နာရီအထိ ဓာတ်ခွဲ နမူနာစုစုပေါင်း (၁၇၇၈) ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လက်ရှိအချိန်အထိ ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၉၆ ရာခိုင်နှုန်းဖြစ်ပြီး ကိုဗစ်ရောဂါဖြင့် သေဆုံးလူနာ မရှိသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊တရုတ် နှင့် စင်ကာပူနိုင်ငံတို့တွင် ကိုဗစ်ရောဂါကူးစက်မှုများမြင့်တက်လျက်ရှိကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသော် လည်း ရောဂါများဖြစ်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် လက်ကိုရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည် (Hand Sanitizer) ဖြင့် မကြာခဏ စနစ်တကျ ဆေးကြောခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ များဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်းချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့်လက္ခဏာ များရှိသူများအနေဖြင့် လူထူထပ်သောနေရာများ သို့ သွားခြင်းမှ ရှောင်ကြဉ်ခြင်း နှင့် မဖြစ်မနေ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (Mask) အား စနစ်တကျ ဝတ်ဆင်ခြင်းတို့ကို လိုက်နာဆောင်ရွက်ရန် နစက၏ ကျန်းမာရေးဝန်ကြီးဌာနမှအသိပေးထားသည်။
သတင်း-အင်ကြင်း

image