4 ပတ် - ဘာသာပြန်ပါ။

လူ ၈၀၀၀ အလုပ်ဖြုတ်ပြီး AI သုံးလိုက်တဲ့ IBM

AI ကြောင့် အလုပ်အကိုင်ပျောက်ဆုံးမှုတွေ နောက်ဆို ပိုမြင်ရတော့မှာပါ။

ပြီးခဲ့တဲ့လကပဲ Microsoft က ဝန်ထမ်း ၆၀၀၀ ကို AI နဲ့ အစားထိုးခဲ့ပါတယ်။ ဒီနောက်မှာတောင် နောက်ထပ် လူ ၃၀၀ ကျော် ထပ်ပြီး အလုပ်ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ငွေကြေးအခက်အခဲကြောင့် လူလျှော့တာ မဟုတ်ဘဲ AI သုံးလို့ရလို့ လူတွေ ဆက်မသုံးတော့တာပါ။

Microsoft ရဲ့ သုံးလပတ်ဝင်ငွေက မှန်းထားတာထက် ကျော်ပြီး ဒေါ်လာဘီလျံ ၇၀ ကျော်တောင် ဝင်ခဲ့တာပါ။ ဒါကို ကြည့်ရင် Microsoft လူလျှော့တာ စရိတ်လျှော့တာထက် ဖွဲ့စည်းပုံပြောင်းဖို့ဆိုတာ သိသာပါတယ်။ IBM လည်း ဒီအတိုင်းပါပဲ။

Microsoft ထက် ဝန်ထမ်းအင်အားကောင်းတဲ့ IBM ကလည်း သူ့ဝန်ထမ်း ၈၀၀၀ ကို အလုပ်က ဖြုတ်လိုက်ပြီး အဲ့ဒီနေရာကို AI နဲ့ အစားထိုးလိုက်ပါတယ်။ IBM ဖြုတ်လိုက်တဲ့ ဝန်ထမ်းတွေထဲမှာ အများစုက HR ဌာနက လူတွေပါ။ IBM က HR ဝန်ထမ်းတွေနေရာမှာ အလုပ်တွေ ပိုမြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ လုပ်နိုင်တဲ့ AI ကို သုံးလိုက်တာပါ။

AI က HR အလုပ်တွေ ဖြစ်တဲ့ ဝန်ထမ်းခန့်တာ ၊ လစာပေးတာ ၊ အလုပ်သမားရေးရာ စီမံတာ ၊ ဆုံးဖြတ်ချက်ချတာတွေ လုပ်နိုင်ပြီ ဖြစ်လို့ တချို့ HR ပိုင်း အလုပ်မှာ လူမလိုတော့တာ ဖြစ်ပါတယ်။ HR က လူတွေ ပြီးရင် တခြားဌာနက ဝန်ထမ်းတွေလည်း လူလျှော့တာတွေ ရှိလာနိုင်ပါတယ်။

IBM ကတော့ AI သုံးနိုင်တဲ့နေရာတွေအတွက် လူထပ်မခန့်တော့ဘဲ တခြားနေရာတွေမှာ လူသစ်ခန့်တော့မှာပါ။ IBM နဲ့ Microsoft တို့ရဲ့ ဝန်ထမ်းထောင်ချီ အလုပ်ဖြုတ်သွားတဲ့ ဖြစ်ရပ်က AI ကို အလုပ်တိုင်းမှာ အစားထိုးတော့မှာလားဆိုတဲ့ မေးခွန်းကို ပိုတွေးမိချင်စရာပါပဲ။

image