Happ Sad Confused Podcast နဲ့ အင်တာဗျူးမှာ Emily Blunt မှ သူ့အနေနဲ့ Edge of Tomorrow 2 ရဲ့ Script ကိုတောင်ဖတ်သွားပြီးပြီဆိုတဲ့ အကြောင်းနဲ့
သူ့ အနေနဲ့ ဘာအထစ်အငေါ့အခက်အခဲ မှမရှိဘဲ သရုပ်ဆောင်သွားမှာဖြစ်တဲ့ အကြောင်းကို ပြောကြားခဲ့ပါတယ် ။
Emily Blunt - " ကျမ အရမ်း အဆင်သင့်ဖြစ်နေပါပြီ ။ ကျမ အနေနဲ့ Edge of Tomorrow Sequel ရဲ့ ဇာတ်ညွှန်းကိုတောင်ဖတ်ပြီးသွားပါပြီ ။ ကျမအနေနဲ့ ဒီရုပ်ရှင်ကို Sequel ထွက်ဖို့ အမြဲမျှော်လင့်ခဲ့တာပါ ။ Script မဖတ်ရသေးခင်အထိ Sequel ထွက်မယ်ဆိုတာ မယုံခဲ့ပါဘူး Tom Cruise ကိုလဲ Mission Impossible ဇာတ်ကားတွေ ဘယ်လောက်ထိရိုက်ဦးမှာလဲ Edge of Tomorrow sequel ကိုလဲ ရိုက်ဦး " ဆိုပြီး ပြောကြားခဲ့ပါတယ် ။
Tom Cruise အနေနဲ့ Edge of Tomorrow 2 မှာပြန်ပါမလား ဆိုတာကိုတော့ မသိရသေးပေမဲ့ Emily Blunt နဲ့ production team တွေက Tom Cruise ပြန်ပါဖို့မျှော်လင့်နေပါတယ် ။
Edge of Tomorrow ထွက်တာ 8 နှစ်ကြာပြီးမှ Sequel ထွက်ဖို့ သတင်းကြားရတာဖြစ်ပါတယ် ။
( Fact - Edge of Tomorrow ဟာ 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ All You Need Is Kill ဆိုတဲ့ Japanese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် ။ )
