Sinners 2 ထွက်ဖို့ရှိလာနိုင်တယ်လို့ သိရ
Warner Bros. က ဒီရုပ်ရှင်ကို ပထမဆုံး ဝယ်ယူချိန်မှာ THR က “franchise ပုံစံနဲ့ သွားမယ့် အလားအလာ” ရှိတယ်လို့ တင်သွင်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
“Sinners” က အခုဆိုရင် အမေရိကမှာ ဒေါ်လာ ၂၇၀ သန်းနီးပါး ရရှိထားပြီးပါပြီ။ ဒီလို အောင်မြင်မှုကြောင့် နောက်ဆက်တွဲတွေလည်း ထုတ်ဖို့ အလားအလာက တကယ်ဖြစ်လာနေပြီလို့ မြင်မိပါတယ်။
Production Weekly ရဲ့ နောက်ဆုံးစာရင်းမှာ “Sinners 2” က “ဖွံ့ဖြိုးဆဲ” အဆင့်မှာ ရှိနေပြီး၊ Ryan Coogle က ဒါရိုက်တာအဖြစ် ပြန်လာဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒုတိယရုပ်ရှင်က လာတော့လာမယ့် ဒါပေမယ့် ကြာနိုင်ပါတယ် အကြောင်းကတော့ Ryan Coogle က သူ့ရဲ့ လာမယ့် “X-Files” ရိုက်ကူးမှုကို အပြီးမသတ်ရသေးသလို “Black Panther 3” ကိုလည်း ရိုက်ပြီးမှ Sinners 2 အလှည့်လာနိုင်တယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိကတော့ Rumors အဆင့်ပဲရှိသေးတာဖြစ်လို့ သတင်းအနေနဲ့ အတိအကျတော့ အတည်ယူလို့မရနိုင်သေးပါဘူး။
Ref - World of Reel

image