Jaden Smith တစ်ယောက် အနာဂတ်မှာ ရိုက်ကူးမယ့် Karate Kid ရုပ်ရှင်မှာ ပြန်လည်ပါဝင်လာနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

ဒီအကြောင်းကို Karate Kid: Legends ရုပ်ရှင်ရဲ့ ဒါရိုက်တာ Jonathan Entwistle က သတင်းစကားပါးခဲ့တာ ဖြစ်ပါတယ်။

2010 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Karate Kid ရုပ်ရှင်မှာ Jaden Smith က မိခင်ဖြစ်သူနဲ့အတူ တရုတ်ပြည်ကို ပြောင်းလာတဲ့ Dre Parker ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တာပါ။ တရုတ်ပြည်မှာ Jackie Chan ရဲ့ ဇာတ်ကောင် Mr. Han က ဆရာအဖြစ်နဲ့ Dre Parker ကို သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ အကြောင်းကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Karate Kid: Legends ရုပ်ရှင်မှာ Jackie Chan က Mr. Han အဖြစ် ပြန်ပါလာပြီးတော့ Li Fong ရဲ့ ဆရာအဖြစ် နဲ့ ထပ်မံ လေ့ကျင်ပေးခဲ့တာပါ။ ဒီလို Jackie Chan ရဲ့ ပြန်လည်ပါဝင်မှုကြောင့် ဒါရိုက်တာဖြစ်သူ Jonathan Entwistle ကို ပရိသတ်တွေက Jaden Smith အကြောင်းကို မေးမြန်းခဲ့ပါတယ်။

ဒီအခါမှာ Dre Parker က Mr. Han ရဲ့ ဘဝတစ်ကွေ့မှာ ကြုံခဲ့ရတဲ့ တပည့်တစ်ယောက်ဖြစ်ပြီးတော့ Li Fong ကလည်း နောက်ထပ်ကြုံခဲ့ရတဲ့ တပည့်ဖြစ်တယ်လို့ ဒါရိုက်တာ Entwistle က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဒါရိုက်တာ Entwistle က Dre Parker က Canon ဖြစ်တယ်ဆိုတာကိုပါ အတည်ပြု ပြောကြားခဲ့ပါသေးတယ်။

ဒီအတွက် အနာဂတ်မှာ ရိုက်ကူးမယ့် Karate Kid ရုပ်ရှင်မှာ Jackie Chan နဲ့ Jaden Smith တို့ ပြန်လည်တွေ့ဆုံနိုင်ချေရှိပြီးတော့ သူတို့နှစ်ယောက်ကိုသာ အတူတွဲလျက် ပိတ်ကားထက်မှာ မြင်ရရင် ပရိသတ်တွေရဲ့ ငယ်ဘဝရုပ်ရှင်အမှတ်တရတွေကို တစ်ဖန် ပြန်လည် ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။

image