Video ရိုက်ဖို့ iPhone ကျိန်းသေမလိုပေမယ့် iPhone နဲ့ Video ရိုက်ရင် ဒီ App တွေ စမ်းကြည့်ပါ 👀
.
Apple iPhone တစ်လုံးကိုင်နေတယ်၊ ပုံမှန် Camera App ထက်ပိုပြီး စုံလင်တဲ့ Feature တွေနဲ့ Video ရိုက်ချင်တာပဲဖြစ်ဖြစ်၊ External Mic တွေ၊ တခြား Professional Video Setting တွေ သုံးချင်တယ်ဆိုရင် ဒီ App တွေက အသုံးဝင်လောက်ပါတယ်။
အရင်ဆုံး Video ရိုက်ဖို့ App တွေဆိုရင် -
#1 FinalCut Camera
Apple က ကိုယ်တိုင်ထုတ်ထားပြီး Pro Level ကို အလွယ်ကူဆုံး ကောင်းကောင်းရိုက်ဖို့ဆိုရင် FinalCut Camera App က အဆင်အပြေဆုံးလို့ပြောလို့ရတယ်။
User Interface က Simple ဖြစ်ပေမယ့် Resolution ၊ Frame Rate တွေ၊ HDR | Apple Log တွေ ရွေးလို့ရသလို H.264 | HEVC Codec ကိုပါ ပေးရွေးတယ်။ Default Focal Length Lens ကို အလွယ်ရွေးလို့ရသလို Digital Zoom Feature တွေ၊ တခြား White Balance | Exposure | Focus | Rotation Lock တွေအကုန် ပေးသုံးတယ်။
*အားမရတဲ့အချက်ဆိုရင် Apple Log ရိုက်လို့ရပေမယ့် Color Grade ကို တန်းလုပ်နိုင်တဲ့ LUT တွေဘာညာ တန်းသုံးလို့မရဘူး။ ပြီးတော့ တကယ့် Professional အတွက်ဆိုရင် တချို့ တကယ့် ကင်မရာတွေလို Setting တွေ သိပ်ပြီး ပြင်ဆင်နိုင်မှာမဟုတ်ဘူး။
#2 Blackmagic Cam
Davinci Resolve လိုမျိုး Professional Editing Software ထုတ်ပေးထားတဲ့ Blackmagic ကနေ ထုတ်တဲ့ App ဖြစ်ပြီး တကယ်ကို Pro အဆန်ဆုံး Video Recording App လို့တောင် ပြောလို့ရတယ်။
User Interface က တကယ်ကို Professional ဆန်တယ်၊ Lens တွေ၊ FPS ၊ WB တွေအပြင် Shutter Speed တွေ၊ ISO တွေနဲ့ Tint ကိုပါ Customize လုပ်လို့ရမယ်။ Stabilization ပိုင်းမှာတောင် Default OIS ကိုပဲ အသုံးချမှာမဟုတ်ပဲ Extreme | Cinematic | Standard နဲ့ Gimbal နဲ့ တွဲသုံးရင် အဆင်ပြေအောင် Off ပါလုပ်ထားလို့ရတယ်။
ပိုမိုက်တာတွေက Accessories တွေကို USB-C Connection ကနေအပြင် Bluetooth နဲ့ပါ တွဲသုံးလို့ရပြီ။ အဓိပ္ပါယ်က Mic ဘာညာကိုပါ Bluetooth နဲ့ ချိတ်လို့ရမယ်။ HDMI Out ဘာညာတွေ၊ Cut တွေကို ဘယ်လိုရိုက်မယ်ကအစလည်း Planning လုပ်လို့ရတယ်။
သဘောကျမိတာက Apple Log နဲ့ရိုက်မယ်ဆိုရင် Apple ProRes ကို 422 HQ | 422 | 422 LT | 422 Proxy ဆိုပြီး File Size ကို ကြိုက်သလို Limit လုပ်နိုင်တယ်။ အဲ့အပြင် Log ကို Rec.709 နဲ့ ပြောင်းပြီး ပြခိုင်းလို့ရတာတွေ၊ ကိုယ့်စိတ်ကြိုက် LUT တွေကို Import လုပ်ထားနိုင်တာပဲ။ တော်တော်လေးကို အဆင်ပြေတယ်။
*အားမရတဲ့အချက်ဆိုရင် အခုမှစပြီး Learning လုပ်မယ့်သူတွေအတွက် နည်းနည်း Learning Curve များလိမ့်မယ်။ ပြောရရင် အခု အပေါ်မှာပြောသွားတဲ့အချက်တွေကို သိပ်ပြီး နားမလည်ဘူးဆိုရင် စစခြင်းမှာ နည်းနည်းအခက်တွေ့နိုင်မယ်။ တကယ့် ကင်မရာနဲ့ Pro Level Setting ရိုက်ဖူးမှပဲ ပိုပြီးအဆင်ပြေလိမ့်မယ်။
#3 Kino
Halide လိုမျိုး iPhone Camera App တွေကို ထုတ်ပေးတဲ့ကုမ္ပဏီကနေပဲ Video Camera App - Kino က ကျွန်တော်တို့ အသုံးဖြစ်ဆုံးလို့ ပြောလို့ရတယ်။
ဘာကြောင့်လဲဆိုတော့ Kino App က FinalCut Camera လောက်အထိ Simple ဖြစ်တာမဟုတ်ပေမယ့် သုံးရတာ တော်တော်လွယ်တယ်။ Setting ဘာညာလည်း သူ့ဟာနဲ့သူ တော်တော်စုံမယ် - Blackmagic လောက်တော့ Setting အများကြီးမရပေမယ့် မဆိုးဘူး။
သဘောကျဖို့ကောင်းသွားတာက Kino မှာ Apple Log ကို တန်းပြီး LUT ဘာညာ Manual Import လုပ်စရာမလိုပဲ Preset LUT တွေထည့်ပေးထားတယ်။ ပါတဲ့ LUT တွေကလည်း မဆိုးဘူး။ စပြီး Learning လုပ်မယ်ဆိုရင်လည်း App ထဲမှာပဲ Tutorial Video ဘာညာတွေ ကြည့်လို့ရတော့ Beginner Friendly ဖြစ်တယ်။
*အားမရတဲ့အချက်က တခါတလေ ဘာလိုလို့ လိုနေမှန်းမသိတာမျိုးတွေဖြစ်တတ်တယ်။ Landscape Video ရိုက်မယ်ဆိုရင် ဖုန်းမှာ Auto Rotate On ထားမှရတာမျိုးတွေက Apple က ထုတ်တဲ့ App မဟုတ်တော့ Issue ဖြစ်နေဆဲပဲ။ ပြီးတော့ ဒီ Kino App က One-time Purchase - $9.99 နဲ့ ဝယ်သုံးရမယ်။ တကယ်ရိုက်မယ်၊ Preset LUT တွေသုံးမယ်ဆိုရင်တော့ ဝယ်ရတန်တယ်။
ပြီးတော့ iPhone နဲ့ Video Edit လုပ်မယ်ဆိုရင် -
#1 CapCut
ဒါကတော့ ဖုန်းမှာ အသုံးအများဆုံး၊ Feature ပိုင်းလည်း စုံတဲ့အပြင် လွယ်လည်း လွယ်တဲ့ Editing App ပါ။ ကိုယ်ကြိုက်သလို Editing ပိုင်း လုပ်ချင်သလောက်လုပ်လို့ရမယ် - သိချင်လည်း Tutorial တွေရှာရတာ ပိုများတယ်။
ဒါပေမယ့် သေချာသုံးမယ်ဆိုရင် CapCut Desktop (သို့) Pro Version ဝယ်ဖို့လိုမယ်။
#2 Edits
ဒါကြတော့ Instagram ကနေ CapCut ကို ယှဥ်ဖို့ထုတ်ထားတဲ့ App - လောလောဆယ်အထိ Update တွေဆက်တိုက်ထုတ်ပြီး Feature အသစ်တွေထည့်ပေးနေတယ်။ အခုအခြေအနေမှာတောင် Vertical | Shorts Video တွေ Edit မယ်ဆိုရင် တော်တော်ကောင်းတယ်လို့ ပြောလို့ရတယ်။
ဆိုတော့ အခုမှ အသစ်ဖြစ်နေသေးတာကလွဲရင် Edits က မဆိုးဘူး။ သဘောကျဖို့ကောင်းတာက လောလောဆယ်အထိ Pro လိုမျိုး ပိုက်ဆံပိုပေးပြီး ဝယ်မှရတဲ့ Feature တွေ၊ Limit လုပ်ထားတာမရှိသေးဘူး - လုံးဝ Free သုံးလို့ရတယ်။
#3 InShot
ဒါကြတော့ Video Edit ပိုင်းမှာ CapCut ကို မမှီပေမယ့် သူ့ဟာနဲ့သူမဆိုးဘူး။ ပြီးတော့ Video အပြင် Photo ပိုင်းတွေ၊ Collage ပုံတွေလုပ်ချင်ရင် လုပ်လို့ရမယ်။
CapCut လိုမျိုးပဲ တကယ်သေချာသုံးမယ်ဆိုရင် Pro ကို ဝယ်ဖို့လိုမယ်။
- Editing App တွေက ကိုယ်တိုင်လည်း ဖုန်းမှာ Edit လုပ်လေ့ သိပ်မရှိတော့ တကယ်လုပ်နေကြသူတွေကတော့ ပိုပြီး သိလောက်မှာပါ။ တကယ်လို့ ကိုယ့်မှာ Capable ဖြစ်တဲ့ ကွန်ပျူတာ၊ iPad လိုမျိုးရှိနေတယ်ဆိုရင် Apple Log Video တွေရိုက်ပြီး Davici Resolve | FinalCut Pro | Adobe Premiere Pro လို တကယ့် Pro Level Software တွေနဲ့ Color Grading တွေ၊ Editing ပိုင်းတွေ သေချာလေ့လာထားတာလည်း အကျိုးရှိလောက်မှာပါ။
အခုပြောသွားတဲ့ App တွေက iPhone အတွက်ဆိုပေမယ့် တချို့ App တွေကတော့ Android ဖုန်းတွေအတွက်ပါ ရပါတယ် - Editing App တွေကတော့ ကျိန်းသေရတယ်၊ Video ရိုက်ဖို့ကတော့ Blackmagic ပဲ ရပေမယ့် Official Support ပေးတဲ့ Android ဖုန်းတွေက အကန့်အသတ်ရှိပါတယ်။
