5 w - Translate

Tesla မှာ တစ်ပတ် နာရီ ၄၀ ကျော် အလုပ်ဆင်းရမယ့် အီလွန်မတ်စ်

အိမ်ဖြူတော်ကို ကျောခိုင်းလာတဲ့ အီလွန်မတ်စ်ကို ကုမ္ပဏီမှာ အလုပ်ခိုင်းမယ့် Investor တွေက တန်းစီစောင့်နေပါတယ်။

အစိုးရဘတ်ဂျက်ဖြတ်တောက်ရေးဌာန DOGE ကနေ လစ်လာခဲ့တဲ့ အီလွန်မတ်စ်ကို Tesla ရှယ်ယာရှင်ကြီးတွေက တစ်ပတ်အနည်းဆုံး နာရီ ၄၀ အလုပ်လုပ်စေဖို့ ကုမ္ပဏီဘုတ်အဖွဲ့ဥက္ကဌ ရော်ဘင် ဒန်ဟုမ်းဆီ လက်မှတ်ထိုး စာပို့ပါတယ်။ ဒီရှယ်ယာရှင်တွေက Tesla မှာ အစုရှယ်ယာ ၇.၉ သန်း ကိုင်ထားတဲ့သူတွေပါ။

ရှယ်ယာရှင်တွေထဲမှာ ပင်စင်ရံပုံငွေ ၊ အမေရိကန် ဆရာများဖက်ဒရေးရှင်း ၊ နယူးယော့ခ် ၊ အော်ရီဂွန် နဲ့ အီလီနွိုက်စ်ဆီက ပြည်နယ်ဘဏ္ဍာရေးဌာနတွေလည်း ပါပါတယ်။ စာထဲမှာ Tesla လျှပ်စစ်ကားကုမ္ပဏီ အကျပ်အတည်းကို အမြန်ဖြေရှင်းပေးဖို့လို့ ပြောထားပါတယ်။

ဒါက Tesla ကားရောင်းအား နဲ့ brand ပုံရိပ် ကျဆင်းမှုကို ဆိုလိုတာပါ။ ဒီနှစ်ထဲ Tesla စတော့ ကျဆင်းမှုက ၁၂% ရှိခဲ့ပြီး ဧပြီလအတွက် ဥရောပကားရောင်းအား မနှစ်ကထက် ၅၀% နီးပါး ထိုးကျခဲ့ပါတယ်။ ဒီပြဿနာတွေ အီလွန်မတ်စ် ပြန်အာရုံစိုက် ဖြေရှင်းရမယ့် အဓိကပြဿနာတွေ ဖြစ်ပါတယ်။

ရှယ်ယာရှင်တွေ တောင်းဆိုထားတဲ့အထဲမှာ အီလွန်မတ်စ်နေရာ ဆက်ခံမယ့် CEO ပြင်ဆင်ထားဖို့ ၊ Tesla ဒါရိုက်တာတွေ တခြားပြင်ပစီးပွားရေးထဲ ပါဝင်မှု ကန့်သတ်ဖို့ နဲ့ လက်ရှိဘုတ်အဖွဲ့နဲ့ ပုဂ္ဂိုလ်ရေးအရ မပတ်သတ်တဲ့ လွတ်လပ်တဲ့ ဒါရိုက်တာ အနည်းဆုံးတစ်ယောက်ခန့်အပ်ဖို့ ဆိုတဲ့ အချက်တွေလည်း ပါပါတယ်။

DOGE က ထွက်ပြီးတဲ့နောက် စီးပွားရေးဦးစားပေးသွားမယ့် အီလွန်မတ်စ်မှာ Tesla အပြင် SpaceX ၊ xAI စတဲ့ လုပ်ငန်းတွေလည်း ကိုင်တွယ်နေရပါတယ်။ အီလီနွိုက်စ်ပြည်နယ် ဘဏ္ဍာရေးမှူး မိုက်ကယ် ဖရေရစ်ချ်ကတော့ အီလွန်မတ်စ်ကို အမှားကနေ သင်ခန်းစာယူမလား ၊ Tesla ထက် တခြားလုပ်ငန်းတွေ ဦးစားပေးမလားရွေး ဆိုပြီး သတိပေးထားပါတယ်။

image