4 w - Translate

Perplexity AI နဲ့ Samsung တို့ လက်တွဲဖို့ စကားပြောနေ
Apple လိုပဲ Samsung လည်း Perplexity ကို သူ့ထုတ်ကုန်တွေမှာ သုံးတော့မှာပါ။
ကြားရတဲ့အတိုင်းဆို Samsung က သူ့ devices တွေမှာ Perplexity AI ထည့်သုံးဖို့ ဆွေးနွေးနေပါတယ်။ ဆွေးနွေးမှုအောင်မြင်ရင် Perplexity AI က Samsung ထုတ်ကုန်တွေရဲ့ digital assistant ဖြစ်လာမှာပါ။
အစောဆုံး နောက်နှစ်ဆန်းပိုင်းမှာ ထွက်မယ့် Galaxy S26 lineup မှာ Perplexity AI သုံးတာမျိုး မြင်ရဖို့ ရှိပါတယ်။ Apple မှာလိုပဲ Perplexity ရဲ့ ရှာဖွေရေးစနစ်က Samsung ရဲ့ web browser ထဲ တိုက်ရိုက်ပါလာပြီး AI search စနစ်တွေ သုံးနိုင်တော့မှာပါ။
Samsung ရဲ့ Bixby assistant မှာလည်း Perplexity နည်းပညာ ပေါင်းစည်းတာတွေ ရှိလာနိုင်ပါတယ်။ Samsung နဲ့ Perplexity ဆက်ဆံရေးက တော်တော်နက်ရှိုင်းလာပါတယ်။ Perplexity ရဲ့ funding round သစ်မှာ Samsung က အကြီးဆုံး investor တစ်ဦးလို့ ပြောနေကြပါတယ်။
Perplexity က Motorola နဲ့ လက်တွဲထားတဲ့ AI ကုမ္ပဏီပါ။ Apple ကလည်း သူ့ Siri မှာ AI search ပိုင်းအတွက် Perplexity ကို သုံးဖို့ ပြင်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

image