#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ဆူမီဒေသ ကျေးရွာများ စစ်ဘေးလွတ်ရာ ရွှေ့ရန် ယူကရိန်းညွှန်ကြား
ရုရှားနိုင်ငံက ထိုးစစ်ကြီးတစ်ရပ် ပြုလုပ်ရေးအတွက် ပြင်ဆင်နေချိန်တွင် ယူကရိန်းအာဏကာပိုင်များက ရုရှားနှင့်ထိစပ်နေသော ဆူမီဒေသမှကျေးရွာပေါင်း ၁၁ ရွာတို့ကို စစ်ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း မေ ၃၁ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ရုရှားစစ်ဘက်၏ တိုက်ခိုက်နေမှုများကြောင့် အရပ်သားပြည်သူများ၏ အသက်ဘေးလုံခြုံရေးကိုထည့်တွက်၍ အထက်ပါကျေးရွာများအား စစ်ဘေးလွတ်ရာရွှေ့ပြောင်းရေးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားထားသည်။
ရုရှားနိုင်ငံအနေဖြင့် ဆူမိဒေသနှင့်ထိစပ်နေသော ရုရှားဘက်ခြမ်း၌ စစ်အင်အား ၅ဝဝဝဝ အထိစုစည်းထားရာ ထိုးစစ်ကြီးတစ်ခု ပြုလုပ်မည့် လက္ခဏာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး ကပြောကြားထားသည်။
ဆူမိဒေသသည် ပြီးခဲ့သည့်နှစ်အတွင်း ရုရှားနိုင်ငံ ဒါ့ချ်နယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုများကို ယူကရိန်းတပ်များ စတင်ခဲ့ရာဒေသဖြစ်သည်။
ဆူမီဒေသ၌ စစ်ရေးအရ ကြားခံဇုန်တစ်ခုထားရှိရန် ဆန္ဒရှိကြောင်း ရုရှားသမ္မတပူတင်က ပြောကြားထားသည်။
စီအင်န်အေ
