4 w - Translate

#ပြည်တွင်းသတင်း
◼မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း၌ ခရီးသည်တင်ကားတိမ်းမှောက်၊ ခြောက်ဦးသေဆုံး၊ (၁၁)ဦးဒဏ်ရာရ
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း၌ ယနေ့( ဇွန် ၂ ရက်) နံနက် ၃ နာရီခွဲခန့်က အဝေးပြေးခရီးသည်တင်(Express)ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ခရီးသည် ခြောက်ဦးသေဆုံး (၁၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၁၄ မိုင်၊ ၃ ဖာလုံနှင့် ၄ ဖာလုံကြား Express ခရီးသည်တင်ယာဉ်တစ်စီး မိုးရွာနေစဉ်အရှိန်ပြင်း မောင်းနှင်မှုကြောင့်လမ်းချော်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်ရာသို့ မိတ္ထီလာခရိုင်မီးသတ်
စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သူနာတင်ယာဉ် တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများဖြင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
" မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်း၊မိတ္ထီလာမြို့နယ် ဖလန်ကျင်းကျေးရွာအနီး မှာ ကားတိမ်းမှောက်တယ်ဆိုလို့ ကျွန်တော်တို့ အသင်းက အရေးပေါ်လူနာတင်ယာဉ်တွေ နဲ့ချက်ချင်းထွက်သွားခဲ့ပါတယ်။ ဟိုရောက်တော့သေဆုံးသွားတဲ့ တစ်ချို့လူတွေဆိုရင် ကားအောက်မှာပိမိနေတဲ့
အတွက် ကားကိုပြန်ထောင်ပြီးမှထုတ်ယူခဲ့ရတာပါ"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
ဖြစ်စဥ်ကြောင့် ခြောက်ဦးမှာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး (၁၁)ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပြည်သာယာ(တောင်)လူမှုကူညီရေးအသင်းတို့မှ မိတ္ထီလာပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - မီးသတ်၊ ပြည်သာယာလူမှုကူညီရေးအသင်း

image