#ဆွမ်းမွှေးရွက် ဆေးဖက်ဝင်ပုံ
(၁) သွေးတိုး ကျစေတယ်
သွေးတိုးရောဂါက လူ့ကျန်းမာရေးအတွက် အန္တရာယ် သိပ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဆွမ်းမွှေး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ သွေးတိုးကျစေခြင်းက ရှေ့ဆုံးက ပါဝင်နေပါတယ်။ ဆွမ်းမွှေးရွက်ရေနွေးကြမ်း သောက်ပေးရင် သွေးပေါင်ချိန်ကို ပုံမှန်ထိန်းညှိပေးနိုင်တဲ့ အပြင် နှလုံးကျန်းမာရေး ကိုပါ ကောင်းကျိုးပြုတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
(၂) အိပ်ပျော်စေတယ်
ညဘက် ကောင်းကောင်းအိပ်မပျော်သူတွေ၊ အိပ်ပျော်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့သူတွေ အတွက် ဆွမ်းမွှေးရွက်ရဲ့ အဆီအနှစ်က ဆေးကောင်းတစ်ခွက် ဖြစ်ပါလိမ့်မယ်။ ဆွမ်းမွှေးရွက်မှာ ပါတဲ့ အယ်ကာလွိုက်ဒြပ်ပေါင်းတွေ က စိတ်နဲ့ ခန္ဓာကိုယ် တည်ငြိမ်အားပြည့်စေနိုင်တဲ့ အာနိသင်တွေ ရှိတာကြောင့် ကောင်းကောင်းအိပ်ပျော်စေပါတယ်။
(၃) နာကျင်ကိုက်ခဲမှု သက်သာစေတယ်
ဆွမ်းမွှေးရွက် မှာ ပါတဲ့ နာကျင်မှု ပြေလျော့စေတဲ့ အာနိသင်ကြောင့် ခေါင်းကိုက်တာ၊ နားကိုက်တာ၊ အဆစ်ရောင်နာ၊ စတဲ့ နာကျင်ကိုက်ခဲမှုအမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ အဆစ်အမြစ် နာကျင်တာတွေအတွက် ဆွမ်းမွှေးရွက်ကို နုတ်နုတ်စဉ်းပြီး အုန်းဆီနဲ့ ရောကျိုပါ၊ သေချာပျော်ဝင်သွားတဲ့ အထိ ဆက်မွှေပါ၊ အအေးခံပြီး နာကျင်ကိုက်ခဲတဲ့ နေရာကို နှိပ်နယ်လူးပေးလို့ ရပါတယ်။
(၄) အာရုံကြော အားကောင်းစေတယ်
ဆွမ်းမွှေးရွက်က အာရုံကြော ကျန်းမာရေးအတွက်လည်း သိပ်ကို အကျိုးပြုပါတယ်နော်။ အာရုံကြောတွေ အားနည်းတဲ့ အခါ တစ်ခါတရံ ကြွက်တက်တာ၊ နာကျင်ကိုက်ခဲတာတွေ ရှိတတ်ပါတယ်။ ဒီဝေဒနာတွေ အတွက် ဆွမ်းမွှေးရွက်က ကုစားပေးနိုင်ပါတယ်။
(၅) ခံတွင်းကောင်းစေတယ်
ခံတွင်းပျက်တဲ့ ပြဿနာက လူတော်တော်များများ စိတ်ညစ်ရတဲ့ ကိစ္စပါ။ စားချင်စိတ် သိပ်မရှိတာ၊ ဘာစားစား စားမကောင်းဘဲ ခံတွင်းပျက်တာက ကြာလာရင် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တွေ မရတော့ဘဲ အားနည်းလာမယ်၊ ကိုယ်ခံအား ကျလာမယ်၊ ရောဂါဝင်လွယ်လာမယ်လေ။
ဗောက်ပျောက်စေတယ်
ဆံပင်ကျွတ်များခြင်း၊ ဗောက်ထစေခြင်းတို့ကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ဆွမ်းမွှေးရွက်က ကူညီနိုင်ပါတယ်။
ဆံသားနက်မှောင်စေတယ်
ဆွမ်းမွှေးရွက် ၇ရွက်ခန့်ကို ပြုတ်ပြီး ရေကို ညသိပ်ထားလိုက်ပါ။ ထိုရေထဲကို ရဲယိုသီးရောမွှေပြီး သင့်ရဲ့ဆံသားတွေကို မနက်စောစောမှာ လိမ်းပေးခြင်းအားဖြင့် သင့်ဆံသားကို နက်မှောင်စေတယ်လို့ဆိုပါတယ်။
#ဆွမ်းမွှေးရွက်

image