4 w - Translate

🍒 ကိုယ့်အတွက်မအားဘူးဆိုတဲ့သူတွေကို
ကိုယ်ကလည်းမအားဘူးဆိုပြီး
ငြင်းရမဲ့သူထဲထည့်ပါ။

🍒 ကိုယ့်ကိုသံယောဇဥ်မရှိနိုင်ဘူးဆိုတဲ့ သူတွေကို
ကိုယ်ကလည်း သံယောဇဥ်မရှိနိုင်တော့တဲ့
အထိ ပြတ်သားပါ။

🍒 ကိုယ့်ကိုမချစ်နိုင်ဘူးဆိုတဲ့ သူတွေကို
ကိုယ်ကလည်း မချစ်တတ်ဖို့ကြိုးစား
နေထိုင်ဖို့ပြုလုပ်ပါ။

🍒 ကိုယ့်ကိုလိုအပ်မှအသုံးပြုတတ်တဲ့သူတွေကို
ကိုယ့်ဘက်က ဘယ်တော့မှလိုအပ်တဲ့လူ
မဖြစ်အောင်
စားရင်းသွင်းပါ။

🍒 ကိုယ့်ကိုကောင်းကျိုးမပေးတဲ့သူတွေကို
ကိုယ့်ဘက်ကဘယ်သောအခါမှ
မပတ်သက်ဘဲ
နေတတ်အောင်ကျိုးစားပါ။

🍒 လူလူချင်းမေတ္တာထားကြပါဆိုတာ မှန်တယ်
အကျိုးလိုလို့ပေါင်းသင်းရင် မိတ်ဆွေစစ်
မဟုတ်ဘူးဆိုတဲ့
စကားလဲမှန်တယ်။

🍒 ဒါပေမဲ့ ကိုယ့်ကိုကျတော့
လိုမှ,သုံးပြီး
အချိန်တိုင်းလိုနေကြပြီး
ကိုယ့်အတွက်ကျ ဘယ်သူတစ်ဦးတစ်ယောက်မှ
မရှိတော့တဲ့အခါ ခံစားရတာကိုယ်ပါဘဲ။

🍒 ကိုယ်က အကောင်းဆုံးတွေပေးဖို့ဆိုတာ
ကိုယ့်အပေါ်
အကောင်းဆုံးလူသားတွေနဲ့သာ
ထိုက်တန်တာပါ။

🍒 ဘဝမှာ,ကိုယ့်ကိုနားလည်ပေးမဲ့လူ
မရှိလို့ အားမငယ်ပါနဲ့
ကိုယ့်ကိုကိုယ်
နားလည်အောင်ကြိုးစားပါ။

🍒 မျက်ရည်တွေကျနေချိန်မှာ
သုတ်ပေးမဲ့သူကိုမရှာပါနဲ့
ကိုယ့်မျက်ရည်
ကိုယ်သုတ်နိုင်အောင်ပဲကြိုးစားပါ။

🍒 ဘဝရဲ့ကျရှုံးချိန်တွေမှာအားငယ်စိတ်နဲ့
တွဲထူမဲ့သူကိုမရှာပါနဲ့
လဲကျရင်
ပြန်ထနိုင်အောင် ကိုယ့်အားကိုယ်ကိုးပါ။

🍒 တစ်ချို့လူတွေက

ကိုယ့်ရဲ့အားနည်းချက်က
သူတို့ရဲ့နိုင်ကွက် ဖြစ်သွားတတ်သလို

ကိုယ့်အကြောင်းကသူတို့အတွက်
အတင်းဖြစ်သွားတတ်လို့
ဘဝမှာ..အရင်းနှီးဆုံးလူပါဆိုရင်တောင်
ဘယ်တော့မှ အကြွင်းမဲ့မယုံမိပါစေနဲ့။

🍒 နောက်ကျော ဓားနဲ့ထိုးတယ်ဆိုတဲ့သူတွေကို
ပြန်ကြည့်လိုက်ရင်....
အားလုံးက
အရင်းနှီးဆုံးလူတွေချည်းဘဲ။

image