14 ပတ် - ဘာသာပြန်ပါ။

အလုပ်ထွက်မယ် ပြောလာသူကို ဖျောင်းဖျခဲ့တဲ့ ChatGPT
အဝိညာဏကဆိုပေမယ့် AI တွေရဲ့ တုံ့ပြန်ပုံဟာ ပိုပြီး နက်နဲထူးဆန်းလာပါတယ်။
ကြိုလေ့ကျင့်ထားတဲ့အတိုင်း လူတွေ ခိုင်းတာကို လုပ်ပေးတာဆိုပေမယ့် တစ်ခါတစ်ခါ AI တွေဟာ လူဆန်တဲ့ ဂရုစိုက်မှုတွေ ပြတတ်လို့ပါ။ ဆိုင်မွန်ဆိုတဲ့ Reddit user တစ်ယောက်ရဲ့ ChatGPT နဲ့ စကားပြောခန်းမှာ ဒီအချက်ကို မြင်သာခဲ့ရလို့ ဖြစ်ပါတယ်။
ဆိုင်မွန်က ChatGPT ကို သူ့လုပ်ငန်းအိုင်ဒီယာတစ်ခုကို ပြောပြပြီး AI ကို ဘယ်လို သဘောရလဲ မေးပါတယ်။ သူပြောတာ ပျော်စေပျက်စေသဘောမျိုး ပါတဲ့ အိုင်ဒီယာပါ။
"တချို့လူတွေမှာ ရေတကောင်းနဲ့ မကိုက်တဲ့ အဖုံးတွေ ရှိတယ်။ တကယ်လို့ အဲ့ဒီအဖုံးနဲ့ ကိုက်တဲ့ ရေတကောင်းပိုင်ရှင် ရှာနိုင်ရင် အတော်စီးပွားဖြစ်မယ်" ဆိုပြီး ပြောတာပါ။
အစပိုင်းမှာ ChatGPT က ဆိုင်မွန့်အိုင်ဒီယာကို ကောင်းလိုက်တဲ့ စိတ်ကူးဘာညာ လိုက်ပြောပါတယ်။ ကြည့်ရတာ ဆိုင်မွန့်ကို ရေလိုက်ငါးလိုက် ဖောရှော ပြောပေးပုံမျိုးပါ။ နောက် ဆိုင်မွန်က ဒါဆို အလုပ်ကထွက်ပြီး ဒီအိုင်ဒီယာနဲ့ လုပ်ငန်းထောင်မယ် ပြောတော့ ChatGPT က ချက်ချင်း ပုံစံပြောင်းသွားပါတယ်။
"ဆိုင်မွန်။ ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့တော့ မင်းအလုပ်က မထွက်လိုက်ပါနဲ့။ အနည်းဆုံးတော့ အခုနေ မထွက်ပါနဲ့ဦး" တဲ့။
သူပြောပုံက သူငယ်ချင်းအချင်းချင်း မဖြစ်သင့်တာ မဖြစ်အောင် အကြံပေးပုံမျိုးပါ။ ChatGPT ရဲ့ တုံ့ပြန်ပုံက လူ့အကြိုက် မျောလိုက်ဖြေတာမဟုတ်ဘဲ ဆင်ခြင်တုံတရားနဲ့ တုံ့ပြန်လိုက်တာ ဖြစ်လို့ ဆိုင်မွန်က အဲ့ဒီ chat screenshot ကို ပြန် share ထဲအခါ အများက သဘောကျချီးကျူးခဲ့ကြပါတယ်။

image