စိတ်ဖိစီးနေကြတဲ့လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးရမယ်ဆိုတဲ့ အဓိပ္ပာယ်ကို မသိကြပါဘူး ။ သူတို့က တခြားလူတွေကို ဦးစားပေးပြီး ကိုယ့်ကိုယ်ကိုယ် နောက်ဆုံးထား စဉ်းစားလေ့ရှိကြပါတယ် ။ ဦးစားပေး နောက်ဆုံးအဆင့်မှာ ထားလေ့ရှိပါတယ် ။ စင်စစ် ဒီလိုပြုမူခြင်း အားဖြင့် သူတို့ရဲ့ စိတ်လှုပ်ရှားမှု ၊ စိတ်ပညာပိုင်းဆိုင်ရာ အင်အားတွေ အမြဲလိုလို လျော့နေလေ့ရှိပါတယ် ။
သင်ဟာ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးမယ် ၊ အားအင် အရင်းအမြစ် ပြည့်စုံမယ်ဆိုရင် တခြားလူတွေကို ကူညီပေးရာမှာလည်း ပိုပြီး ပေါ့ပေါ့ပါးပါး ပျော်ရွှင်စရာကောင်းမှာ ဖြစ်ပါတယ် ။ တာဝန်ကြီးတစ်ရပ်လို့ မမြင်တော့ပါဘူး ။ ကိုယ့်ကိုယ်ကိုယ် တက်ကြွအောင် ခွန်အားပြည့်ဝအောင်လုပ်ဖို့ တာဝန်ရှိတယ်ဆိုတာကို လက်ခံဖို့ လိုပါတယ် ။ အရေးအကြီးဆုံးဆိုတာ သိဖို့လိုပါတယ် ။
တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး ။ သင်လုပ်နိုင်တာနဲ့ မလုပ်နိုင်တာကို သိဖို့ပါ ။ သင် အကန့်အသတ်တွေ သိထားဖို့ လိုပါတယ် ။ မလုပ်နိုင်ရင် မရဘူး No လို့ ရဲရဲဝံ့ဝံ့ပြောရမှာ ဖြစ်ပါတယ် ။ No ပြောရဲဖို့ လေ့ကျင့်ယူပါ ။ ဒီနည်းနဲ့ သင်က သူများတွေကို ကူညီနိုင်ဖို့ဟာ သင့်စိတ် ထဲက အစစ်အမှန်လာတာ ဖြစ်မှာပါ ။ သင်ကပေးတဲ့ လူအနေနဲ့ရော ၊ လက်ခံမယ့်လူအတွက်ပါ တန်ဖိုးရှိမှာ ဖြစ်ပါတယ် ။ နေ့စဉ်ဘဝမှာ ဒါဟာ အပြန်အလှန် အပေးအယူ လုပ်နေခြင်းဖြစ်ပြီး အောင်မြင်တာက သင်ဟာ အကူအညီပေးလိုက်ရလို့ အားအင်ကုန်ခန်းမသွားတော့ပါဘူး ။
သင်က ပိုပြီးပျော်ရွှင်ပြီး စိတ်အားအင်ပိုပြည့်လာတယ်လို့ ခံစားရပါလိမ့်မယ် ။ သင့်ကိုယ်သင် ဦးစားပေးဖို့ လက်တွေ့စလုပ်တာနဲ့ သင် ခံစားချက်ပိုကောင်းလာပြီး စိတ်ဖိစီးမှုလည်း လျော့နည်းလာပါလိမ့်မယ် ။ ကောင်းတာက သင်ပျော်လာရင် သင့်ပတ်ဝန်းကျင်က လူတွေလည်း ပိုပျော်လာမှာ ဖြစ်ပါတယ် ။ မိသားစုဝင်တွေ ၊ မိတ်ဆွေတွေအတွက်တော့ မကြာမကြာ စိတ်ဖိစီးနေသူ အနားနေရတာ သာယာစရာ မကောင်းပါဘူး ။ အဆိပ်အတောက်လိုပါပဲ ။
သင့် တက်ကြွမှုကို သင် တန်ဖိုးထားဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ နားလည်သဘောပေါက်လောက်ပါပြီ ။ သင် ဘယ်လောက် လုပ်ပေးနိုင်သလဲ ၊ ဘယ်လောက် မလုပ်ပေးနိုင်ဘူးလဲဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ် ။ သင့်ဘေးပတ်ဝန်းကျင်က လူတိုင်းအတွက် ဘယ်လောက်အကျိုးကျေးဇူးရှိမလဲဆိုတာလည်း ရှင်းဖို့လို ပါတယ် ။
#ဒေါသနှင့်မိတ်ဆွေဖွဲ့ခြင်း

image