ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင်
▸ဒီစာအုပ်လေးဟာ ချမ်းသာအောင် ဘယ်လိုလုပ်ရမလဲဆိုတာထက် ချမ်းသာအောင် ဘယ်လိုပြုမူနေထိုင်ရမယ် ဘယ်လိုစိတ်ထားမျိုးရှိရမယ် ဆိုတာကို ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ ပေါင်းစပ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ် ။
လူတိုင်းချမ်းသာဖို့ အခွင့်အရေးရှိရဲ့သားနဲ့ ကျွန်တော်တို့ဘာကြောင့်မချမ်းသာသေးတာလဲ ။ ဒီစာအုပ်လေးကို ခေါင်းစဉ် ရှစ်ခုနဲ့ ရေးသားထားပြီး ခေါင်းစဉ်တစ်ခုစီတိုင်းမှာ မတူညီတဲ့ ခံယူချက်တွေ မတူညီတဲ့ ဇာတ်လမ်းတွေ မတူညီတဲ့ ရှင်သန်မူတွေ မတူညီတဲ့ ကြိုစားအားထုတ်ပုံတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။
တကယ်တော့ လူတိုင်းဟာ ဘယ်ဒေသ ဘယ်နေရာမှာ မွေးဖွားလာပါစေ ချမ်းသာဖို့ အခွင့်အရေးရှိပါတယ် ။ ချမ်းသာအောင် ကြိုးစားလို့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘယ်လောက်ပဲ ချမ်းသာတဲ့အခွင့်အရေး ရှိပါစေ ဘယ်လောက်ပဲ ချမ်းသာအောင် ကြိုးစားလို့ ရနေပါစေ ကျွန်တော်တို့ ရင်ထဲမှာ ချမ်းသာချင်စိတ်တွေ ပြင်းပြင်းထန်ထန်မရှိဘူးဆိုရင် ကျွန်တော်တို့ဟာ ဘယ်တော့အခါမှ ချမ်းသာမှုဆိုတဲ့ ပြယုဂ်ကို ထုတ်ဖော်ပြသခွင့်ရမှာ မဟုတ်ပါဘူး ။ ဒါကြောင့် ကျွန်တော်တို့ဟာ ချမ်းသာတဲ့ လူတစ်ယောက်အဖြစ် ရှင်သန်ချင်တယ်ဆိုရင်တော့ ပြင်းထန်တဲ့ စိတ်ဆန္ဒတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ်အရှင်သခင်တစ်ယောက်လို ခံယူရပါမယ် ။ အခက်အခဲတွေ ပြသနာတွေကို ရင်ဆိုင်ရဲရပါမယ် ။
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စိတ်မပျက် စိတ်မလျော့ပဲ ထပ်ကာ ထပ်ကာ ကြိုးစားရပါမယ် ။ ဒါမှသာ ချမ်းသာခြင်းဟာ ကျွန်တော်တို့ကို ချစ်မြတ်နိုးပြီး ကျွန်တော်တို့ အနာဂတ်အလင်းရောင်တွေဟာ ပိုမိုလှပလာမှာဖြစ်ပါတယ် ။
#ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင်
#သံစဉ်သစ်
