“The Boys” ထဲက Homelander နေရာမှာ သရုပ်ဆောင်တဲ့ Antony Starr က ပရိသတ်တချို့က ဒီစူပါဗီလိန်အပေါ် ချီးကျူးနေတာက အံ့ဩပြီး “ထူးဆန်းတယ်” လို့ ပြောခဲ့ပါတယ်။
“The Boys” ဟာ ၂၀၁၉ မှာ ထွက်ခဲ့တာဖြစ်ပြီး Prime Video မှာ ချက်ချင်းအောင်မြင်မှုရရှိခဲ့တဲ့ Series တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေနဲ့ Dark Comedy တွေ ၊ ဒီဘက်ခေတ်ရဲ့ စူပါဟီးရိုးရုပ်ရှင်နဲ့ တီဗီရှိုးတွေကို ထည့်သရော်ထားတဲ့ Series တစ်ခုဖြစ်ပါတယ်။
ဒီ Series ဟာ Garth Ennis နဲ့ Darick Robertson ရဲ့ ရုပ်ပြစာအုပ်ကို အခြေခံထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းက Homelander ဆိုတဲ့ Superman ပုံစံ ဗီလိန်တစ်ယောက်ဦးဆောင်တဲ့အဖွဲ့ကို စူပါဗီလိန်တွေကို တိုက်ဖို့ ကြိုးစားတဲ့ အကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်။
Entertainment Weekly နဲ့ စကားပြောရင်း Antony Starr က ဆိုရှယ်မီဒီယာပေါ်မှာ Homelander ကို ချီးကျူးနေတဲ့ ပရိသတ်တွေကို နည်းနည်း ထိန်းချုပ်ခဲ့ရတယ်လို့ ပြောပါတယ်။ “လူတချို့က သူ့ကို အရမ်းချီးကျူးပြီး သဘောကျနေကြတယ်။ ဒီကောင်က ဘယ်ဇာတ်လမ်းရဲ့ သူရဲကောင်းမှ မဟုတ်ဘူးလို့ ဆိုရှယ်မီဒီယာပေါ်မှာ ကျွန်တော်က ပြန်ပြီး ပြောရတယ်။ ဒါက တကယ့်ကို ထူးဆန်းတာပဲ။
Starr က ဆက်ပြီး ပြောသေးတယ်၊ “ဒီလို ရက်စက်တဲ့ လူယုတ်မာလုပ်ရပ်တွေ လုပ်တဲ့ Homelander ကို ပရိသတ်တချို့က စာနာစိတ်ပေါက်ပြီး သနားနေကြမယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး။”
ဒါ့အပြင် The Boys ရဲ့ Showrunner ဖြစ်တဲ့ Kripke ကလည်း Homelander ကို သူရဲကောင်းလို့ ထင်တဲ့ ပရိသတ်တွေနဲ့ Series ကို “woke” ဖြစ်သွားတယ်လို့ ဝေဖန်သူတွေကို တစ်ပြိုင်နက် တုံ့ပြန်ခဲ့တယ်။
“ Series ကို ‘woke’ လို့ ခေါ်ချင်တဲ့သူတွေကို ရတယ်၊ တခြားဟာသွားကြည့်လိုက်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နေတာတွေကို လျှော့မယ်မဟုတ်သလို တောင်းပန်မှာလည်း မဟုတ်ဘူး။” လို့ Kripke က ပြောပါတယ်။
Homelander ရဲ့ အာဏာရှင်ဆန်တဲ့ပုံစံဟာ အမေရိကန်သမ္မတ Donald Trump ရဲ့ သမ္မတရွေးကောက်ပွဲ လှုပ်ရှားမှုနဲ့ နှိုင်းယှဉ်ဖို့ ရည်ရွယ်ခဲ့တာလားလို့ မေးတဲ့အခါ Kripke က Homelander ကို Trump ရဲ့ အာဏာရှင်ပုံစံအဖြစ် ဖန်တီးခဲ့တာလို့ ဖြေခဲ့ပါတယ်။
လက်ရှိမှာတော့ The Boys ဟာ Season 5 နဲ့ အဆုံးသတ်တော့မှာဖြစ်ပြီး လက်ရှိရိုက်ကူးနေတုန်းလို့ သိရပါတယ်။

image