မေလ ၃၀ ရက်နေ့ ညနေပိုင်းမှာ နေမှ စွမ်းအားပြင်းထန်တဲ့ Coronal Mass Ejection (CME) ခေါ် နေရောင်ခြည်ဒြပ်ထု လွင့်ထွက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီ CME ဖြစ်စဉ် ဟာ ကမ္ဘာ့ဘက်ကို ဦးတည်လာပြီး ဒီနေ့ ဇွန်လ ၁ ရက်နေ့ ညနေပိုင်းလောက်မှာ ကမ္ဘာကို ရောက်ရှိလာခဲ့ပါတယ်။
နေမှ လွင့်ထွက်လာသော ပလာစမာထု (Coronal Mass Ejection - CME) ကြီးသည် ကမ္ဘာသို့ ရောက်ရှိလာပြီး ကမ္ဘာ့သံလိုက်စက်ကွင်းကို ပြင်းထန်စွာ တိုက်ခတ်ခဲ့ပါတယ်။
အဆိုပါ solar wind ရဲ့ အလျင်သည် တစ်စက္ကန့်လျှင် ကီလိုမီတာ ၁,၀၀၀ (တစ်နာရီလျှင် မိုင်ပေါင်း ၂ သန်းကျော်) ကျော်အထိ မြင့်တက်ခဲ့ပြီး ကျွန်တော်တို့ ကမ္ဘာ့သံလိုက်စက်ကွင်းကို ပြင်းထန်တဲ့ အရှိန်နဲ့ဝင်ဆောင့်ခဲ့တာကြောင့် G4 အဆင့်ရှိတဲ့ သံလိုက်မုန်တိုင်းဖြစ်စဉ်တစ်ခုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီလိုပုံမှန်မဟုတ်တဲ့သံလိုက်မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့တာကြောင့် ပုံမှန် လတ္တီကျူ နိမ့်တဲ့ဒေသများက မမြင်နိုင်တဲ့ ဥတ္တရအလင်းတန်းဖြစ်စဉ်များကို မြင်တွေ့နိုင်ခဲ့ရပါတယ်။
ဒါ့အပြင် Higher frequency radio တစ်ချို့နဲ့ GPS system တစ်ချို့လည်း အဆက်အသွယ်အနည်းငယ်ပြတ်တောက်ခဲ့ရပါတယ်။
နေမှ အခုလို Solar flare များနဲ့ CME လွှင့်ထုတ်မှုများဟာ သဘာဝအတိုင်းဖြစ်ပေါ်နေပြီး ၁၁ နှစ်ကိုတစ်ခါ အခုလို ပိုမို လှုပ်ရှားတတ်ပါတယ်။
ဒါပေမယ့် ဒီလိုဖြစ်ရပ်များဟာ ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းနဲ့ ဆက်စပ်နေခြင်းမရှိပါဘူး။
Solar Flare တွေကို သူတို့ရဲ့ ပြင်းအားပေါ် မူတည်ပြီး အဆင့်သတ်မှတ်ထားပါတယ်။ အနည်းဆုံးက A, B, C, M တို့ဖြစ်ပြီး၊ အပြင်းဆုံးကတော့ X-class ဖြစ်ပါတယ်။ ဒီ X-class ကိုမှ ဂဏန်းတွေနဲ့ ထပ်မံခွဲခြားပြီးတော့ ပြင်းထန်မှု အဆင့်ကို ဖော်ပြပါတယ်။
ဥပမာ - X2 က X1 ထက် နှစ်ဆ ပိုပြင်းထန်ပါတယ်။ မေလ ၃၀ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ နေမီးလျှံဟာ M8.1 Flare အဖြစ် သတ်မှတ်ခဲ့တာကြောင့် ဒါဟာ အရမ်းမပြင်းတဲ့ အဆင့်ထဲက တစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။မေလ ၂၄ ရက်နေ့က လွှတ်ခဲ့တဲ့ solar flare ကတော့ X 1.1 အဆင့်ထိရှိပါတယ်။
အထူးသဖြင့် ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်ကြားဟာ နေရောင်ခြည်လှုပ်ရှားမှု သံသရာ (Solar Cycle 25) ရဲ့ အမြင့်ဆုံးအချိန်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဒီကာလအတွင်းမှာ နေရောင်ခြည်မုန်တိုင်းတွေ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။
ပုံကတော့ ဒီလို Geomagnetic storm ဖြစ်စဉ်ကြောင့် နယူးဇီလန်ဒေသတစ်ချို့မှာ ဥတ္တရအလင်းတန်းများကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
